နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် လျှပ်စစ်သုံး EV ကား တင်သွင်းမှု နှေးကွေးနေ
- 262 views
နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပြည်ပကနေ လျှပ်စစ်သုံး EV ယာဉ်တွေ တင်သွင်းမှုမှာ အခက်အခဲများ ရှိနေကြောင်း EV Myanmar Group တည်ထောင်သူ ဦးကျော်ကျော်ထွန်းက ပြောသည်။
လက်ရှိတွင် စီမံကိန်းလျာထားချက်အတိုင်း ပြည့်မီအောင် မတင်သွင်းနိုင်ဘဲ EV မော်တော်ယာဉ်အစီးရေ လေးထောင်နီးပါးခန့်သာ တင်သွင်းနိုင်ကြောင်းသိရသည်။
“ ပြည်တွင်းမှာဝယ်အားကအထိုက်အလျောက်ရှိပါတယ်။ တင်သွင်းတဲ့သူတွေဘက်သာ ဒေါ်လာ အခက်အခဲကြောင့် တင်သွင်းမှုနှေးနေတာပါ ” ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။
ပြည်ပမှ လျှပ်စစ်သုံး EV ယာဉ်များ တင်သွင်းမှုသည် စီမံကိန်းလျာထားချက်၏လေးပုံတစ်ပုံလောက်ခန့် သာရှိသည့်အတွက် အောင်မြင်မှုနှေးကွေးနေကြောင်း သိရသည်။
လျှပ်စစ်သုံး EV Taxi ဈေးကွက်ကလည်း ပုဂ္ဂလိကတွေနှင့် ကုမ္ပဏီတချို့စာ အနည်းငယ် လုပ်ကိုင်နေပြီး EV Taxi အားသွင်းခသည် စက်သုံးဆီကားဆီသုံးမှုစရိတ်ထက် ခြောက်ဆလောက် သက်သာကြောင်းသိရသည်။
ပြည်တွင်း EV ကားဈေးကွက် အတွင်း ဈေးနှုန်းများသည် အမျိုးအစားပေါ်မူတည်ကာ ကျပ်သိန်း (၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com