ထူးဆန်းသော ပူပေါင်းသဏ္ဍာန် လေကာမှန်ဖြင့် ကမ္ဘာ့အသေးငယ်ဆုံး မော်တော်ကား
- 527 views
သင့်အနေဖြင့် ထူးဆန်းသော ပူပေါင်းသဏ္ဍာန် လေကာမှန်ပါသော ကမ္ဘာ့အသေးငယ်ဆုံးကားကို မောင်းနှင် ကြည့်လိုစိတ် ရှိနိုင်သည်။
သို့သော် ထိုကားအတွင်း ဝင်ရန်ထွက်ရန်မှာ အခက်ကြုံရနိုင်သည်။
၁၉၆၅ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ကားဖြစ်ပြီး ၃ ဘီးကားဖြစ်သော Peel Trident ကို တခါတရံတွင် လူ ၂ ဦး စီးနင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကာလအတွင်း ကားဝါသနာရှင်များအကြား ကျော်ကြား ခဲ့သော ကားတစ်စင်းလည်း ဖြစ်သည်။
(ကမ္ဘာ့အသေးငယ်ဆုံးကားဖြစ်ပြီး တခါတရံတွင် လူ ၂ ဦး စီးနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားသည်။ ဓာတ်ပုံ-RobinAdams)
(ကားမောင်းသူအနေဖြင့် အဝင်အထွက်လုပ်ရန် ကားကိုယ်ထည်နှင့် မှန်အမိုးခုံးကို မ,တင်ရမည် ဖြစ်သည်။ ဓာတ်ပုံ-RobinAdams)
(ကားကျွမ်းကျင်ပညာရှင်တစ်ဦးက ဤကားကို လေ့လာခဲ့သည်။ ဓာတ်ပုံ-YouTube/idriveaclassic)
သင့်အနေဖြင့် ကားပါကင်နေရာအတွက် ခေါင်းခဲနေရသည်ဆိုပါက ဤကားမှာ သင့်အတွက် သင့်လျော်သော ကားတစ်စင်းဖြစ်နိုင်သည်။
Peel Trident မှာ အလျား ၇၃ လက်မ၊ အနံ ၃၉ လက်မသာရှိသည်။
၁၉၆၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အခါအားလျော်စွာ လူ ၂ ဦးစီးနိုင်ပြီး ဈေးသက်သာသောကားအဖြစ် ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။
ကားထုတ်လုပ်သူတို့က ပြောသည်မှာ ဤကားသည် လမ်းလျှောက်သွားသလောက်နီးနီး ဈေးသက်သာကြောင်း ပြောခဲ့ပြီး ထိုအချက်မှာ Peel Trident ၏ တစ်ခုတည်းသော ဈေးခေါ်အားသာချက်လည်း ဖြစ်သည်။
သို့သော် အလျား ၃၁ လက်မသာရှိသော ထိုင်ခုံတစ်လုံးကို အခြားတစ်ဦးနှင့် မျှဝေထိုင်ရမည်မှာ အလွန်ကျဉ်းကြပ်လှမည် ဖြစ်သည်။
Peel Trident မော်ဒယ်ကို စုစုပေါင်း ၄၅ စင်းသာ ထုတ်လုပ်ထားပြီး ထူးခြားသော ကားဒီဇိုင်းကြောင့် လူတိုင်းက အနည်းဆုံးတစ်ကြိမ်ခန့် စီးဖူးလိုကြသည်။
I Drive a Classic အမည်ရှိ YouTube ချန်နယ်တွင် ကားဝါသနာရှင်တစ်ဦးက Peel Trident အကြောင်း သုံးသပ်ချက်ပေးခဲ့သည်မှာ “တော်တော်ပိန်တဲ့လူမှ အဆင်ပြေမယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်ခုံက အကျယ် ၃၁ လက်မပဲ ရှိပါတယ်” ဟု ဆိုသည်။
ပူဖေါင်းသဏ္ဍာန်ရှိသော ကား၏ မှန်အမိုးခုံးကို Fiberglass ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ကားကို အဝင်အထွက်လုပ်ရန်အတွက် မှန်အမိုးခုံးကို မ,တင်ရမည် ဖြစ်သည်။
Fiberglass အကြည်ဖြင့် ပြုလုပ်ထားသောကြောင့် ယာဉ်မောင်းအနေဖြင့် ၃၆၀ ဒီဂရီ တွေ့မြင်နိုင်သည်။
Peel Trident ကို နောက်ပိုင်းတွင် ပုံစံအသစ်ဖြင့် Hatchback အဖြစ် ထုတ်လုပ်လာသော်လည်း မူလမော်ဒယ် အတိုင်း 49cc DKW အင်ဂျင်ကိုသာ ဆက်လက် သုံးစွဲခဲ့သည်။
ထိုအင်ဂျင်မှာ မြင်းကောင်ရေအား ၄ ဒသမ ၂ သာ ထွက်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၈ မိုင်သာ မောင်းနှင် နိုင်သည်။
Peel Engineering ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ မှ ၁၉၆၅ ခုနှစ်အကြား အစင်းရေ ၅၀ ထုတ်လုပ်ခဲ့ ကာ တစ်စင်းလျှင် ၁၉၉ ပေါင်မျှဖြင့် ရောင်းချခဲ့သည်။
ယနေ့အခါတွင် အဆိုပါကား ၂၇ စင်းသာ ကျန်ရှိတော့ပြီး ထူးခြားသောကား စိတ်ဝင်တစား စုဆောင်းသူ တို့အကြား အလွန်လိုချင်နေသော ကားလည်း ဖြစ်သည်။
၂၀၀၇ ခုနှစ်က ထုတ်လွှင့်ခဲ့သော Top Gear တွင် အရပ် ၆ ပေ ၅ လက်မရှိသည့် ဂျရမီ ကလာ့ခ်ဆန်က Peel Trident ကို BBC ရုံးဝန်းကျင်တွင် မောင်းနှင်ခဲ့ပြီးနောက် ဤကားမှာ ပိုမိုကျော်ကြားလာခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: You’ll have to be pretty slight’, inside the world’s smallest sports car with bizarre ‘bubble’ windscreen (thesun)
Photo Credit- YouTube/idriveaclassic, RobinAdams