• Home
  • Car News
  • EV ကားပြင်/ထိန်းသင်တန်းကိုသက်ဆိုင်ရာက စတင်ဖွင့်လှစ်

EV ကားပြင်/ထိန်းသင်တန်းကိုသက်ဆိုင်ရာက စတင်ဖွင့်လှစ်

  • 264 views

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC (ဘယ်လင်း)တွင်  EV ကား ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများစတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကျောက်ဆည်ခရိုင်၊စင်ကိုင်မြို့နယ် TTTC (ဘယ်လင်း) တွင် လျှစ်စစ်သုံး EV ကား များအတွက် လိုအပ်သော လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာသင်တန်းများဖြစ်သည်။

UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံးယာဉ်စနစ်တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့်စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် EV ကားတင်သွင်းရောင်းချမှုကို အထူးအခွန်ကင်းလွတ်ခွင့်ပေးအပ်ထားရာ EV ကားသုံးစွဲမှုများ တဖြည်းဖြည်းမြင့်တက်လာနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com