စက်သုံးဆီဈေး ဆက်တိုက် မြင့်တက်နေဆဲ
- 425 views
ယခုတစ်ပါတ်အတွက် စက်သုံးဆီဈေးများကို ထုတ်ပြန်ကြေညာထားရာ ရန်ကုန်မြို့အတွက် ရည်ညွှန်းလက်လီ ဈေးမှာ ယခင်ရက်များအတိုင်း ဈေးအမြင့်ပိုင်းတွင် ရပ်တည်နေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင်း ရည်ညွှန်းလက်လီဈေးကွက်အတွင်း 92 ဓာတ်ဆီ တစ်လီတာလျှင် (၂၈၃၅) ကျပ်၊ 95 ဓာတ်ဆီတစ်လီတာလျှင် (၂၉၄၅) ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၄၀၀) ကျပ်ဝန်းကျင်ပေါက်ဈေး ဖြစ်ပေါ်နေသည်။
“ ဆီဈေးက ပြန်မကျဘူး ငွေလဲဈေးကြောင့် ဖြစ်မယ်။ ဒီဈေးတန်းမှာငြိမ်နေတာဆိုတော့ ဈေးတက်ဖို့ပဲရှိနိုင်တယ်၊ ပြန်မကျနိုင်တော့ဘူး ” ဟု ဝါရင့် ဆီဆိုင် မန်နေဂျာတစ်ဦးက သုံးသပ်သည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးသည် အခြားမန္တလေးနှင့် နေပြည်တော်စသောမြို့များနှင့် ကွာခြားချက်ရှိနိုင်ကြောင်း ပြင်ပ စက်သုံးဆီဈေးမှာ တစ်လီတာ (၃၀၀၀) ကျပ်အထက်တွင် ရပ်တည်နေမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာက စက်သုံးဆီတင်သွင်းမှုအတွက် ဒေါ်လာများကို ဘဏ်များမှတစ်ဆင့် ရောင်းချပေးနေပြီး ပြင်ပ ဒေါ်လာပေါက်ဈေးဖြင့် တင်သွင်းပါက စက်သုံးဆီဈေးမှာ ပိုမိုမြင့်တက်နိုင်ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com