ရန်ကုန်ကားဈေးကွက်အတွင်း ကားအဝယ်များပြီး ဈေးတက်လာ
- 1520 views
ရန်ကုန်မြို့ကားဈေးကွက်အတွင် ကားဝယ်ယူစုဆောင်းသူများလာပြီး ဈေးများပြန်တက်လာကာ ကားအရောင်းအဝယ်ကိုသတိထားဆောင်ရွက်နေရကြောင်း ကားအကျိုးဆောင်များထံမှသိရသည်။
စက်သုံးဆီကားဈေးကွက်အတွင်း သိန်းနှစ်ဆယ်မှ သိန်းတစ်ရာဝန်းကျင်အထိ ကားဈေးများတက်နေသည့်အပြင် မော်ဒယ်အမြင့်ကားများ အရောင်းရပ်နားထားကြောင်းသိရသည်။
“ ငွေတန်ဖိုးကျပြိး ကုန်ပစ္စည်းတန်ဖိုးတွေတက်နေတဲ့သဘောပါ။ ကားတစ်ခုတည်းဈေးတက်တာမဟုတ်ဘူး ကျန်တဲ့ကုန်စည်တွေလဲ ဈေးတက်နေတော့ကားဈေးပါလိုက်တက်လာတဲ့သဘောပါဘဲ၊ ရောင်းချရလွယ်ကူလာပြီး ပြန်ဝယ်ရသိသိသာသာခက်ခဲနေပါတယ် ” ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မသမာသူအရောင်းအဝယ်သမားအချို့မှ သတင်းအတု၊ စျေးအတုများ လုပ်ကြံဖန်တီး၍ တဖက်လှည့်ဖြင့်ဝယ်ယူမှုများရှိလာနိုင်ခြင်းကြောင့် ကားအရောင်းအဝယ်လုပ်ငန်းကို သတိထားဆောင်ရွက်သင့်ကြောင်း သိရသည်။
လက်ရှိကားမှုဝါဒအရ ကားသစ်တင်သွင်းခွင့်ရပ်ဆိုင်းထားသည့်အပြင် အခွန်နှုန်းများမြင့်မားနေခြင်းကြောင့် တစ်ပါတ်ရစ်ကားဝယ်ရောင်းလုပ်ငန်းသာတွင်ကျယ်နေမည်ဟု ခန့်မှန်းထားကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com