• Home
  • Car News
  • ကားမောင်းနေရင်း ရုတ်တရက် ကားဘရိတ်ပေါက်သွားခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ ?

ကားမောင်းနေရင်း ရုတ်တရက် ကားဘရိတ်ပေါက်သွားခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ ?

  • 788 views

ဒီနေ့မှာတော့ ...  ကားမောင်းတဲ့သူတော်တော်များများအတွက် ဒီလိုအခြေအနေနဲ့ကြုံလာရင် ဘယ်လိုမျိုး ဖြေရှင်းလို့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်🤗။

ဘယ်လိုမျိုးဖြေရှင်းနိုင်လည်းဆိုတော့ ပထမဆုံးအချက်ကတော့ -----

✅ အနီးနားရှိ ကားတွေကို အန္တရာယ်မဖြစ်အောင် အချက်ပြပါ။


ယာဉ်ရှင်းသောလမ်းကြောကို ပြောင်းယူပါ။ အချက်ပြစုံမီး ပြပါ။ ဟွန်းတီးပြီး မိမိကားစက်ချွတ်ယွင်းနေကြောင်း လမ်းကြောတူ အရှေ့ကကားများကို သတိပေးပါ။ တစ်ချိန်ထဲမှာပဲ 𝐁𝐫𝐚𝐤𝐞 𝐏𝐞𝐝𝐚𝐥 ကို ခြေဖြင့်လေးငါးကြိမ် နင်းစမ်းပြီး 𝐏𝐨𝐰𝐞𝐫 တက်အောင်လုပ်ကြည့်ပါ။

✅ (𝐌𝐚𝐧𝐮𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧) ကားများအတွက် လက်ရှိသွားနေတဲ့ဂီယာကနေ နံပါတ်အမြင့်ဆုံးကို တစ်ဆင့်ချင်းချိန်းချပါ။ ဥပမာ သင့်ကားက ဂီယာနံပါတ် ၄ ကနေ နံပါတ် ၁ အထိကို တစ်ဆင့်ချင်းချိန်းချပြီး ကားဂီယာဘောက်ကတစ်ဆင့် ကားရဲ့အရှိန်ကို ပုံမှန်ထက်ပိုပြီး မြန်မြန်အရှိန်လျော့သွားစေမှာ ဖြစ်ပါတယ်။

(𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧) ကားများအတွက် –

အော်တိုဂီယာကားတွေဆိုရင်တော့ ဂီယာ 𝐃 ကနေ 𝟐 ထိုမှ 𝐋 အထိ မန်ညူရယ်ဂီယာတွေအတိုင်း ပြောင်းထိုးပြီး ကားအရှိန်ကို လျော့သွားအောင်လုပ်ပါ။ ဂီယာပြောင်းပြီး ကားအရှိန်လျော့သွားအောင်လုပ်ခြင်းကို 𝐄𝐧𝐠𝐢𝐧𝐞 𝐁𝐫𝐚𝐤𝐢𝐧𝐠 လုပ်တယ်လို့ခေါ်ပါတယ်။

(အထူးရှောင်ကြဉ်ရန် – 𝐅𝐫𝐞𝐞 𝐆𝐞𝐚𝐫/ 𝐍 𝐍𝐞𝐮𝐭𝐫𝐚𝐥 𝐆𝐞𝐚𝐫 ကို လုံးဝမထိုးမိဖို့ သတိထားပါ။ 𝐅𝐫𝐞𝐞 𝐆𝐞𝐚𝐫 ထိုးလိုက်ခြင်းက အင်ဂျင်နဲ့ဂီယာဘောက်စ်ကို အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ကားရဲ့ လက်ရှိသွားတဲ့အချိန်ကို ထိန်းထားနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ )

✅ နောက်ထပ်လုပ်ရမှာကတော့ ကားရဲ့အဲကွန်းမီး 𝐇𝐞𝐚𝐭𝐞𝐫 အစရှိတဲ့ 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 အားလုံးကိုသုံးပါ။ ဒီလိုလုပ်ခြင်းဖြင့် ကားရဲ့အရှိန်နဲ့ပါဝါကို 𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐨𝐫 ကနေတစ်ဆင့် လျော့ချသွားမှာဖြစ်ပါတယ်…

(𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐨𝐫 ဆိုတာကတော့ မြန်မာလို မော်တာလို့သိကြပြီး 𝐁𝐚𝐭𝐭𝐞𝐫𝐲 ကို ကားမောင်းနေစဉ် အားသွင်းပေးပြီး ကားလည်ပတ်ဖို့လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လျှပ်စစ်ဓါတ်ပို့လွှတ်ပေးနေတဲ့ အရာဖြစ်ပါတယ်။

✅ နောက်ဆုံးအနေနဲ့ 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐁𝐫𝐚𝐤𝐞/ 𝐇𝐚𝐧𝐝 𝐁𝐫𝐚𝐤𝐞 ကို တဖြည်းဖြည်းချင်းဆွဲတင်ပြီး ကားအရှိန်ကိုထိုးကျသွားအောင်လျော့ပါ။ အရေးပေါ်ဘရိတ် 𝐇𝐚𝐧𝐝 𝐁𝐫𝐚𝐤𝐞 က ကားရဲ့နောက်ဘီးနှစ်လုံးကိုဘဲ ထိန်းပေးတာကြောင့် 𝟐𝟎𝐤𝐦/𝐡𝐫 နှုန်းသွားနေတဲ့ အမြန်ကိုပဲ ထိန်းပေးနိုင်မှာပါ။ 𝐇𝐢𝐠𝐡 𝐒𝐩𝐞𝐞𝐝 နဲ့ သွားနေတဲ့အချိန် အသုံးပြုလိုက်ရင် ကားဟာချာလည်ပတ်လည် သွားမှာပါဖြစ်ပါတယ်။

✅ အဆုံးအရှုံး နည်းနိုင်မယ့်နည်းကိုရွေးချယ်ပါ။

ရွေးချယ်စရာမရှိတော့တဲ့ အချိန်မျိူးရောက်သွားခဲ့ရင်တော့ အဆုံးအရှုံးနည်းနိုင်မဲ့ နည်းကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချပါ။ အကာအရံတစ်ခုခုကို ကားရဲ့ဘေးပါးခြမ်းနဲ့ ပွတ်ဆွဲပြီး ကားရဲ့အရှိန်ကို လျော့လိုက်လို့ ရပါတယ်။

ခုပြောပြသွားတဲ့အချက်တွေ ကားဘရိတ်ပေါက်သွားမယ်ဆိုရင် အရှိန်လျော့ချဖို့၊ အသက်အန္တရာယ်ကင်းဖို့နဲ့ အထိအခိုက်နည်းစေဖို့ ပြုလုပ်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ မောင်းနှင်မှုဖြစ်ကြပါစေ….

 

Credit: original uploader