အပူဒဏ်ကြောင့် အငှားယာဥ်မောင်းများ လုပ်ငန်းထိခိုက်
- 205 views
အပူချိန်မြင့်မားနေသည့်ဒဏ်ကို လက်ရှိတွင် တစ်နိုင်ငံလုံး ကြုံတွေ့နေရခြင်းကြောင့် မြို့ကြီးများရှိ အငှားယာဉ်လုပ်ငန်းကို ထိခိုက်နေကြောင်း အငှားယာဉ်မောင်းများက ပြောကြားသည်။
ဧပြီ ၁၅ ရက်နောက်ပိုင်း အယ်နီညိုရာသီဥတု ဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးနီးပါး အပူချိန်မြင့်တက်နေပြီး ၊ လက်တလော ရက်ပိုင်းအတွင်း ချောက်မြို့ဟာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် နံပတ်၂ နေရာကို ရောက်ခဲ့ရာ ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့များတွင် အပူဒဏ်ကြောင့် အဲယားကွန်းဖွင့်ရန် ခရီးသည်များက တောင်းဆိုလာကြကြောင်း သိရသည်။
စက်သုံးဆီသုံးကားများတွင် အဲယားကွန်းဖွင့်မောင်းရန် အငှားကားခဈေး မကိုက်ကြောင်း ၊CNG ကားများတွင် ယင်းပြဿနာမရှိကြောင်း အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
"ခရီးသည်တွေက အဲကွန်းဖွင့်ပေးဖို့တောင်းဆိုတယ်၊ တချို့နေရာတွေမှာ ကားပေါ်မတက်ခင်ကတည်းက အဲကွန်းဖွင့်ပေးမလားမေးတာ မဟုတ်ရင် မငှားတော့ဘူး၊ အခုဆီဈေးနဲ့ ကျွန်တော်တို့ မကိုက်လို့ ဈေးတိုးတောင်းပြန်တော့လည်း မရပြန်ဘူး၊ CNG ကားတွေကတော့ ပြဿနာမရှိဘူးပေါ့" လို့ ဟု ဆိုသည်။
92ROM ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် (၂၈၀၀) ကျပ်ဝန်းကျင်၊ 95 ROM ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် (၂၉၀၀) ကျပ်ဝန်းကျင်သို့ ရောက်ရှိနေချိန်တွင် အငှားယာဉ်များသည် အဲကွန်းဖွင့်ပေးရန် အခက်အခဲဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ခရီးသည်များအနေဖြင့် အပူဒဏ်ကြောင့် အငှားယာဉ်စီးနင်းရာတွင် အဲကွန်းဖွင့်ပေးရန်တောင်းဆိုနေကြပြီး အဲကွန်းမဖွင့်ပါက အငှားယာဉ်မစီးနင်းကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com