• Home
  • Car News
  • ဘဏ်အရစ်ကျ ငွေချေနေသောကားများပါ ဈေးကွက်အတွင်း ရောင်းချနေ

ဘဏ်အရစ်ကျ ငွေချေနေသောကားများပါ ဈေးကွက်အတွင်း ရောင်းချနေ

  • 325 views

ရန်ကုန်မြို့ကားဈေးကွက်အတွင်း ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ဝယ်ယူထားသောကားများသည် ဘဏ်ကြွေးပေးရန်ကျန်သော်လည်း တစ်ဆင့်ပြန်လည်ရောင်းချမှုများ ရှိလာကြောင်း သိရသည်။

ကားဈေးကွက်အတွင်း Brand New Zero ကီလိုကားသစ် ဝယ်ယူထားသော ဘဏ်အရစ်ကျ ငွေချေရန် ကျန်ရှိနေသောကားများသည်လည်း ဈေးကောင်းရနေသဖြင့် တစ်ဆင့်လက်လွဲရောင်းချနေမှုများရှိကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“ဆူဇူကီးအာတီကာတွေ၊ တိုယိုတာ စီရီးတွေထဲက ကားတွေအများဆုံးပါတယ်။ SKD ကားတွေရော ကုမ္ပဏီတိုက်ရိုက်ကားတွေလည်း ဈေးကောင်းပေးပြီး ပြန်ဝယ်နေပါတယ်၊ ဂျပန်တစ်ပတ်ရစ်ကားထက် ပြည်တွင်း ဘယ်မောင်းကားသစ်တွေက အ‌ရောင်းပိုသွက်နေတယ်” ဟု ရန်ကုန်မြို့သိမ်ဖြူ ကားဝယ်ရောင်းအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘဏ်ငွေသွင်းရန် ကျန်နေသော ကားအများစုသည် ကားအမခံစနစ်များ ပါဝင်သည့်အပြင် တစ်လက်ကိုင် ကားအသန့်များဖြစ်ရာ သိန်း(၁၀၀၀)မှ သိန်း (၅၀၀၀) ကျော်အထိ အမျိုးအစားနှင့ ်မော်ဒယ်အလိုက် ပေါက်ဈေးရှိကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်မှုနှင့် ပြည်ပနိုင်ငံများသို့ ငွေကြေးတက်နိုင်သူများ ပြောင်းရွှေ့အခြေချ နေထိုင်မှုများကြောင့် မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေနှင့်ကားများမှာ ဝယ်ရောင်းဈေးကွက်အတွင်း ပြန်လည်ရောင်းချနေကြသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com