• Home
  • Car News
  • ငွေလဲနှုန်းအပြောင်းအလဲကြောင့် ကားတင်သွင်းသူများ အခက်တွေ့နေ

ငွေလဲနှုန်းအပြောင်းအလဲကြောင့် ကားတင်သွင်းသူများ အခက်တွေ့နေ

  • 265 views

ပြည်တွင်းရှိ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ရောင်းချသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်း အပြောင်းအလဲများကြောင့် ကားသစ်များ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

လက်တလောတွင် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ပြင်ပပေါက်ဈေးအရ တစ်ဒေါ်လာလျှင် (၃၉၀၀) ကျပ် ကျော်အထိ ပြန်လည်မြင့်တက်နေပြီး ကားတင်သွင်းရန် ဒေါ်လာငွေ ဝယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။

“အစိုးရက‌ ဒေါ်လာကို ဦးစားပေးကုန်စည်စနစ်နဲ့ ဘဏ်တွေကရောင်းပေးနေတာ ကားသွင်းဖို့သွားဝယ်ရင် မရတာများတယ်၊ အပြင်ပေါက်ဈေးနဲ့ ‌ဒေါ်လာဝယ်ပြီးကားသွင်းရင်လဲ ပြန်ရောင်းရင် ဈေးတအားကွာနိုင်တယ်။ ကားသစ်ထုတ်တဲ့စက်ရုံတွေရော၊ SKD ကားတွေရော၊ ကမ္ဘာကျော် အမှတ်တံဆိပ် ကားအမြင့်တွေရော အသစ်တင်သွင်းမှု အရမ်းနည်းသွားပါတယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

လက်ရှိတွင် EV ကားများကိုသာ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားပြီး ကျန် စက်သုံးဆီသုံး မော်တော်ယာဉ်များမှာ အင်ဂျင်ပါဝါနှင့် မော်ဒယ်အလိုက် အခွန်ပေးဆောင်ရခြင်းကြောင့် ငွေလဲနှုန်းအရ ဈေးပိုတက်နေကြောင်း သိရသည်။

ကုန်းလမ်းညွန်ကြားမှုဦးစီဌာန (ကညန)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတစ်ဝန်းတွင် အိမ်စီးလူစီးကားပေါင်း ခြောက်သိန်းနှစ်သောင်းကျော်ကို မှတ်ပုံတင် လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com