- Home
- Car News
- ဈေးကွက်လိုအပ်ချက်အရ စက်သုံးဆီ ကားသစ်များ တင်သွင်းခွင့်ပြုရန် လုပ်ငန်းရှင်များ ပြောကြား
ဈေးကွက်လိုအပ်ချက်အရ စက်သုံးဆီ ကားသစ်များ တင်သွင်းခွင့်ပြုရန် လုပ်ငန်းရှင်များ ပြောကြား
- 383 views
နာမည်ကျော် ကားကုမ္ပဏီများနှင့် ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် SKD နာမည်ကျော် ကားကုမ္ပဏီများ ထွက်ခွာ မသွားစေရန် ကားတင်သွင်းမှု အသစ်များ ခွင့်ပြုသင့်ကြောင်း ကားတင်သွင်းသည့်လုပ်ငန်းရှင်များက ဆိုသည်။
လက်တလောတွင် နိုင်ငံတော်မှ လုပ်ငန်းသုံးကားများနှင့် EV ကားများကို အဓိကဦးစားပေးပြီး တင်သွင်းထုတ်လုပ်ခွင့် ပေးနေသော်လည်း စက်သုံးဆီကားသစ်များနှင့် SKD ကားများကို တင်သွင်းထုတ်လုပ်ခွင့် နည်းပါးနေကြောင်း သိရသည်။
“အဓိက အိမ်စီးလူစီးကား လိုအပ်ချက်ဖြစ်နေတာပေါ့။ မြန်မာနိုင်ငံက နှစ်စဉ်ကားလိုအပ်ချက်က တစ်သောင်းခွဲ နှစ်သောင်းလောက်ရှိတယ်။ EV ကားတွေကိုဘဲ ဦးစားပေးနေရင် နာမည်ကျော် ကားကုမ္ပဏီတွေ ပြည်တွင်းကထွက် သွားနိုင်တယ်။ SKD စက်သုံးဆီ ကားတွေကိုလည်း ခွဲတမ်းနဲ့ တင်သွင်းထုတ်လုပ်ခွင့် ပေးသင့်တယ်” ဟု မော်တော်ယာဉ်တင်သွင်းထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
KIA ၊ ဆူဇူကီးနှင့် ဟွန်ဒိုင်း ကုမ္ပဏီများသည် ပြည်တွင်း၌ SKD စက်သုံးဆီ တင်သွင်းထုတ်လုပ်နေသော်လည်း လက်ရှိအချိန်တွင် ကားသစ် ထုတ်လုပ်ရောင်းချမှု ရပ်တန့်နေသည်။
ကားဈေးများလည်း ဈေးကွက်အတွင်း မြင့်တက်နေပြီး ကားဈေးကွက်အတွင်း ကျပ်သိန်း (၃ဝဝ) နှင့် (၁၅ဝဝ) ကြား ကားများအရောင်း အဝယ်ပုံမှန်ဖြစ်နေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com