ရန်ကုန် မြို့တွင်းအဓိကသုံးစွဲရန် EV ကားဝယ်ယူသူများလာ
- 252 views
ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်အများစုသည် မြို့တွင်းသုံးစွဲရန် အဓိက ထားပြီး EV ကားများ ကိုဝယ်ယူနေကြောင်း ကားဈေးကွက်အတွင်းမှသိရသည်။
ရန်ကုန်တွင် လောင်စာဆီ တန်းစီရသည့်ပြဿနာများ ကြုံတွေ့နေရခြင်းကြောင့် လုပ်ငန်းရှင်များသည် အလုပ်သွားအလုပ်ပြန် မြို့တွင်းသုံးစွဲရန် EV ကားများကို ပြောင်းလဲစီးနင်းလာခြင်းဖြစ်သည်။
“ကုန်စည်ဒိုင်ကိုမနက်ပိုင်းသွားတယ် ညနေပိုင်းပြန်တယ်၊ငွေသွင်းငွေထုတ် ဘဏ်သွားရတာတွေရှိတယ်။ စက်သုံးဆီကားက နယ်ဝေးခရီးသွားရင်အဆင်ပြေပေမယ့် မြို့တွင်းမှာဆိုရင်တော့ EV ကားတွေက ပိုအဆင်ပြေတယ်” ဟု ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။
စက်သုံးဆီ တွင် ဓါတ်ဆီရောင်းချမှုသည် မကြာခဏ ဆိုသလို ဝယ်ယူရန်ခက်ခဲသည့် ပြဿနာများကြုံတွေ့နေရပြီး လက်ရှိတွင် ဆီဆိုင်များ၌ ဆီတန်းစီဝယ်ယူနေရသည်။
မြန်မာနိုင်ငံတွင် ငွေကြေးချမ်းသာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသာ EV ကားကိုဝယ်ယူစီးနင်းကြသော်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် EV ကားသုံးစွဲမှုမှာ နှစ်စဥ်မြင့်တက်လျှက်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com