• Home
  • Car News
  • နေ့အပူချိန်မြင့်တက်ခြင်းကြောင့် မော်တော်ယာဉ်သုံးစွဲသူများ သတိထားသင့်

နေ့အပူချိန်မြင့်တက်ခြင်းကြောင့် မော်တော်ယာဉ်သုံးစွဲသူများ သတိထားသင့်

  • 114 views

အပူချိန်မြင့်တက်လာမှုကြောင့် မော်တော်ယာဉ်အန္တရာယ်ကို သတိထားမောင်းနှင်နေရကြောင်း အငှားယာဉ်မောင်းသမားများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း နေ့အပူချိန်များ ဆက်တိုက်မြင့်တက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ထားရာ ရန်ကုန်နှင့်မန္တလေး အပါအဝင် မြို့ကြီးများရှိ မော်တော်ယာဉ်မောင်းများမှာ ပူချိန်အန္တရာယ်ကိုသတိထား မောင်းနှင်နေရကြောင်း သိရသည်။

“နေ့ဘက်မှာ ကာမောင်းရင် တအားပူတော့ အဲယားကွန်းဖွင့်မောင်းတယ်။ သွားချင်တဲ့နေရာရောက်လို့ ချက်ချင်းဆင်းလိုက်ရင် အပူအအေး ရုတ်တရက်ပြောင်းပြီး အန္တရာယ်ဖြစ်နိုင်တယ် ။ ကားအင်ဂျင်တွေကလဲ တအားပူတော့ မီးလောင်တာတို့ ဘာတို့ဖြစ်နိုင်တယ်။ အကုန်လုံးသတိထားပြီး မောင်းနေရတယ်” ဟု ရန်ကုန်လေဆိပ် အငှားယာဉ်မောင်းအသင်းမှ ကိုကျော်ကျော်က ပြောသည်။

 

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မကွေးစသောမြို့ကြီးများတွင် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထက် သို့‌ ရောက်ရှိနေခြင်းကြောင့် မော်တော်ယာဉ်သုံးစွဲသူများအကြား အပူချိန် အန္တရာယ်ကို သတိထားသင့်ကြောင်း သိရသည်။

ယခုနှစ် နွေရာသီကာလသည် အယ်နီညိုဖြစ်စဉ် သက်ရောက်မှုများကြောင့် အပူချိန်များ မြင့်တက်နေပြီး ဧပြီလအတွင်း အပူချိန် ဆက်တိုက်မြင့်တက်နေနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com