• Home
  • Car News
  • EV တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခု MIC ရင်းနှီးမြှုပ်နှံခွင့်ပြု

EV တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခု MIC ရင်းနှီးမြှုပ်နှံခွင့်ပြု

  • 297 views

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ပြည်တွင်းပ လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခုအား ရင်းနှီးမြှုပ်နှံခွင့်ပြုကြောင်း ၄/၂၀၂၄ အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၃၃.၉၁၁ သန်းနှင့် ကျပ်သန်းပေါင်း ၈၄၀,၀၀၀ ကျော် ပမာဏ ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၆) ခု တွင် EV တပ်ဆင် ထုတ်လုပ်ငန်းလည်း တစ်ခုပါဝင်လာခြင်းဖြစ်သည်။

 

 

ခွင့်ပြုချက်ရရှိထားသည့် EV စက်ရုံမှ ပြည်တွင်း၌ SKD စနစ်ဖြင့် EV နှင့် E Bike များ ထုတ်လုပ်ရောင်းချသွားမည်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) က ပြောကြားသည်။

ဘက်ထရီလျှပ်စစ်သုံးယာဉ် (EV) များ ၊ ဆက်စပ်ပစ္စည်းများ ၊ အားသွင်းရုံဆိုင်ရာ ပစ္စည်းများနှင့် အားသွင်းစနစ်ဆိုင်ရာ ပစ္စည်းများကို ပြည်ပကနေ တင်သွင်းခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းနှင့် ဝယ်ယူရောင်းချခြင်းတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးအပ်ထားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com