စက်သုံးဆီဈေးတက်လာသော်လည်း ဝယ်လို့မရသည့်ဆိုင်များရှိနေ
- 153 views
ယနေ့မတ်လ ၂၅ ရက်တွင် ပြည်တွင်းစက်သုံးဆီများဖြစ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရသည်။
ယနေ့နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ရောင်းချပေးနေသည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂၇၉၅) ကျပ်၊ ၉၅ တစ်လီတာ (၂၉၀၀) ကျပ်၊ ဒီဇယ်တစ်လီတာ (၂၄၃၅) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၂၄၈၀) ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်က စက်သုံးဆီ လက်ကားရည်ညွှန်းဈေးမှာ ၉၂ တစ်လီတာ (၂၇၃၀) ကျပ်၊ ၉၅ တစ်လီတာ (၂၈၄၈) ကျပ်၊ဒီဇယ်တစ်လီတာ (၂၄၃၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၂၄၈၀) ကျပ်ဖြစ်ကြောင်း သိရသည်။
“ဆိုင်တိုင်းဝယ်မရတာတော့ မဟုတ်ဘူး၊ လိုသလောက်ဝယ်လို့တော့ မရတော့ဘူး၊ တချို့ဆိုင်တွေမှာ ဒီဇယ်ဘဲရတယ် ဓါတ်ဆီက ဆီဘောက်ဆာ မလာသေးဘူးဆိုပြီး ရောင်းမပေးဘူး” ဟု တောင်ဥက္ကလာပ မြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ထို့ပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် အငှားယာဉ်မောင်းအချို့ အဆင်မပြေမှုများရှိနေပြီး အုံနာခပင်ရရှိရန် ခက်ခဲလာကြောင်းနှင့် စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ဆီဝယ်ယူရ ခက်ခဲနေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com