• Home
  • Car News
  • ကားဈေးကွက်အတွင်းအလဲအထပ် ရောင်းချမှုများနေ

ကားဈေးကွက်အတွင်းအလဲအထပ် ရောင်းချမှုများနေ

  • 351 views


ရန်ကုန်ကားဈေးကွက်အတွင်းပုံမှန်အရောင်းအဝယ်ထက် အလဲအထပ် ရောင်းချမှုများ ပိုမိုများပြားနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။

အိမ်စီးကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာတာကြောင့် သင်္ကြန်ကာလ မတိုင်မှီ အရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး အလဲအထပ် ဝယ်ရောင်လုပ်ငန်းများ ပိုများနေကြောင်းသိရသည်။

“ကားဈေးက အတက်အကျသိပ်မရှိဘဲဈေးငြိမ်လာတော့ တကယ်စီးတဲ့သူတွေပြန်ဝယ်လာတယ်။ တချို့လဲနိုင်ငံ ခြား သွားဖို့ဆိုပြီး ပြန်ရောင်းတာတွေရှိတယ်။ ဝယ်ရောင်းဈေးကွက်ထဲမှာတော့ အလဲအထပ် နဲ့ ဝယ်‌ရောင်းလုပ်တာများတယ်။ ကားတွေကအသစ်ထပ်မဝင်တော့ ဝယ်တဲ့သူ လက်က အလွတ်ရှာရင်နည်းနည်းခက်တယ်”ဟု သိမ်ဖြူကားပွဲစားတန်းမှ ကိုထွန်းထွန်းက Used Cars, New Cars, Buy and Sell in Myanmar, Prices and News | က CarsDB သို့ပြောသည်။

လက်တလောတွင် သိန်းငါးရာဝန်းကျင်ကားများမှစတင်ကာ သိန်းနှစ်ထောင် အထိ ပေါက်ဈေးရှိသောကားများ အရောင်းအဝယ်ပြန်ဖြစ်နေပြီး အများစုမှာ အိမ်စီးသုံးစွဲရန် ဝယ်ယူနေခြင်းဖြစ်သည်။

အိမ်စီးကားဈေးကွက်အတွင်း ဂျပန်တစ်ပါတ်ရစ်ကားများသာမက SKD CKD ကားများလည်း ဝယ်ရောင်းလုပ်ငန်း
များ အတွင်းသို့ဝင်ရောက် လာကြောင်းသိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com