ဒေါ်လာဈေးမငြိမ်သော်လည်း စက်သုံးဆီဈေးတည်ငြိမ်နေ
- 146 views
မတ်လဆန်းကစတင်ကာ အမေရိကန်ဒေါ်လာဈေး မတည်ငြိမ်သော်လည်း ပြည်တွင်းစက်သုံးဆီဈေးမှာ အတက်ကျ တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မတ်လ (၁၈) ရက်နေ့ပေါက်ဈေးများအရ လက်လီဈေးကွက်အတွင်း၌ 92 ဓါတ်ဆီတစ်လီတာလျှင် (၂၇၃၀) ကျပ်၊ 95 ဓါတ်ဆီတစ်လီတာလျှင် (၂၈၄၅) ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၂၄၈၀) ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၄၃၅) ကျပ် အသီးသီးပေါက်ဈေး ဖြစ်ပေါ်နေသည်။
“ အရင်လကထက် တစ်လီတာကိုငွေ (၁၀၀) လောက်တော့တက်တယ်။ ကမ္ဘာ့ စက်သုံးဆီဈေး ငြိမ်နေတော့ ပြည်တွင်းဈေးလည်း ငြိမ်နေတာပါ။ လက်တလော အမေရိကန်ဒေါ်လာဈေးတွေ ပြင်ပမှာ တက်နေပေမယ့် စက်သုံးဆီက ဘဏ်တွေကတစ်ဆင့် ရောင်းတဲ့ဒေါ်လာနဲ့ တင်သွင်းတာမိုလို့ ဈေးမတက်တာပါ” ဟု စက်သုံးဆီပြည်ပမှတင်သွင်းရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မတ်လဆန်းမှစတင်ကာ ပြင်ပ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာပြီး တစ်ဒေါ်လာလျှင် (၃၅၀၀) ကျပ် ဝန်းကျင်မှ (၃၇၀၀) ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။ လက်တလော ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေများ ထုတ်ရောင်းနေပြီး ပြည်တွင်းဘဏ်များတွင် တစ်ဒေါ်လာလျှင် (၃၃၈၀) ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com