• Home
  • Car News
  • ဆီစားသက်သာသောကားများ ကိုပြောင်းလဲဝယ်ယူမှုများနေ

ဆီစားသက်သာသောကားများ ကိုပြောင်းလဲဝယ်ယူမှုများနေ

  • 276 views

Honda Fit အပါအဝင် ဆီစားသက်သာသောကားများကို ပိုမိုပြောင်းလဲဝယ်ယူလာကြောင်း ရန်ကုန်တိုင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။

ရန်ကုန်အပါအဝင်မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် ဝင်ငွေကောင်းသူအများစုမှာ ဆီစားသက်သာသောကားများ EV လျှပ်စစ် ကားများကို ဝယ်ယူနေကြောင်း သိရသည်။

“ဓါတ်ဆီဈေးကြီးတာလဲပါတယ်၊ တစ်ခါတလေ 92 နဲ့ 95 က ဝယ်မရတော့လို့ ဆီလိုက်ဝယ်ရတာ အချိန်ကုန်တယ်၊ ဆီစားသက်သာတဲ့ကား ပြောင်းစီးတာတို့ ငွေတက်နိုင်တဲ့ သူတွေကလည်း မြို့ပေါ်မှာ လုပ်ငန်းအတွက် အသုံးပြုဖို့ EV ကားတွေ ပြောင်းစီးလာကြပါတယ်” ဟု ကားဝယ်ရောင်းလုပ်ငန်းရှင် ကိုထွန်းထွန်းက iMyanmarHouse  သို့ပြောကြားသည်။

ကား ဝယ်ယူမှုအရ သိန်းငါးရာဝန်းကျင်နှင့်အထက်ကားများတွင် ဆီစားသက်သာသော ကားများကို ဈေးကွက်အတွင်း ရှာဖွေမှုများလာပြီး အင်ဂျင်ပါဝါအရ အလိုက်ပေးပြီးလဲလှယ်မှုများ ရှိလာကြောင်းသိရသည်။

ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း ၈၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်းသိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com