အဓိကအဝေးပြေးလမ်းမကြီး (၇)ခုတွင် EV Charging Station များတည်ဆောက်မည်
- 370 views
ပြည်တွင်းရှိ အဓိက အဝေးပြေးလမ်းမကြီး (၇) ခုတွင် EV Charging Station များ တည်ဆောက်ရန် စီစဉ်နေကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
EV ယာဉ်များ တစ်နိုင်ငံလုံး ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အဓိကလမ်းမကြီးများဖြစ်ကြသည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး - သထုံ - မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း - ညောင်ဦးလမ်း၊ မိတ္ထီလာ - တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းစသည့် လမ်းမကြီးများပေါ်တွင် ပြေးဆွဲနိုင်စေရန် EV Charging Station များ တည်ဆောက်ရန် လျာထား စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန် မြို့ပြလမ်းကွန်ရက်စနစ်နှင့် ချိတ်ဆက်ပြီး EV Charging Station များ အဆင်ပြေကောင်းမွန်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခင် (၂၀၂၃) ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားပြီး အဆိုပါယာဉ်များအနက် EV လူစီးမော်တော်ယာဉ် (၁၈၇၇) စီးနဲ့ ကုန်တင် (ဝန်ပေါ့) ယာဉ် (၁၁) စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com