• Home
  • Car News
  • BAIC EV New Product Launching ပွဲကျင်းပခဲ့

BAIC EV New Product Launching ပွဲကျင်းပခဲ့

  • 217 views

‘အနာဂတ်မှာ EV ကားတွေက မြန်မာနိုင်ငံမှာ ပိုပြီးတော့အောင်မြင်လာနိုင်တယ်’

BAIC ရဲ့ EV ကားထုတ်ကုန်အသစ် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ Novotel ဟိုတယ်မှာ ကျင်းပခဲ့ပါသည်။ ထိုပွဲတွင် iron cross music band နှင့်အတူ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့က သီချင်းဖျော်ဖြေခဲ့ကြပါသည်။ ပြည်တွင်းအနုပညာရှင်များနှင့် သတင်းမီဒီယာများ၊ EV ကားကို စိတ်ဝင်စားသူ၊ သုံးစွဲသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များလည်း တက်ရောက်ခဲ့ကြပါသည်။

 

 

“ဒီနေ့က EV ကားသစ်တွေကို မိတ်ဆက်တဲ့ ပွဲဖြစ်ပါတယ်။ BAIC EU5 Plus နဲ့ ARCFOX αT, အယ်ဖာအက်စ်ကို မိတ်ဆက်တဲ့ပွဲပါ။ သူရဲ့အားသာချက်က အလိုအလျောက်ဖွင့်တဲ့စနစ်ပါဝင်တယ်။ ဘတ်ထရီက (၉၃ ဒသမ ၆) ရှိပါတယ်။ (၆၀၃) ကီလိုမီတာ မောင်းနှင်နိုင်တယ်။ အနာဂတ်မှာ EV ကားတွေက မြန်မာနိုင်ငံမှာပိုပြီးတော့ အောင်မြင်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လောင်စာဆီဈေးနှုန်းက ပိုမြင့်လာဖို့ပဲ ရှိတယ်။ ဆီကရှားပါးလာနိုင်တယ်။ အခုဆိုရင် တဖြည်းဖြည်းနဲ့ သုံးစွဲသူက EV ကို စိတ်ဝင်စားလာကြတယ်။ ဒီကားတွေက အင်ဂျင်သံဆူညံမှုနည်းတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလည်း မရှိတော့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်” ဟု GM ကိုသိန်းလှိုင်ထူးက ပြောသည်။

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com