• Home
  • Car News
  • YBS ယာဉ်စီးခ YBS QR ဖြင့် ပေးချေနိုင်သည့်စနစ်အခက်အခဲများရှိဟုဆို

YBS ယာဉ်စီးခ YBS QR ဖြင့် ပေးချေနိုင်သည့်စနစ်အခက်အခဲများရှိဟုဆို

  • 431 views

YBS ယာဉ်စီးခပေးချေရာတွင် ကတ်ဖြင့်ငွေးပေးချေနိုင်သည့်စနစ်သာမက YBS QR ဖြင့် ပေးချေနိုင်သည့်စနစ်ကို Yangon Payment Service (YPS) မှ စီစဉ်ဆောင်ရွက်လျက်ရှိရာတွင် ယင်းစနစ်တွင် ခရီးသွားပြည်သူများအကြား အခက်အခဲအချို့ရှိနေကြောင်း သိရသည်။

အဆိုပါYBS QR စနစ်သည် နည်းပညာအားဖြင့် အဆင့်မြင့်သော်လည်း သုံးစွဲသူများအကြားတွင် ဖြစ်ပေါ်နေသောအခက်အခဲများမှာ မိမိကိုယ်ဆောင် သည့်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး appကိုdownload ပြုလုပ်ရန် လွယ်ကူမှုမရှိခြင်း၊ ငွေပေးချေရာ မိမိဖုန်းကို အသွင်းအထုတ်ပြုလုပ်ပြီး ငွေပေး ချေရမည့် အခြေအနေများကြောင့် ခါးပိုက်နှိုက်အန္တရာယ်မရှိစေရန် သတိပြု နေရခြင်း၊ အင်တာနက်လိုင်းအခြေအနေပေါ်မူတည်နေခြင်း၊ မိုဘိုင်းဖုန်းအား အခြေအနေပေါ်မူတည်နေခြင်း၊ သက်ကြီးရွယ်အိုများအတွက် အသုံးပြုရန်မလွယ်ကူခြင်း စသဖြင့် အခက်အခဲများရှိနေကြောင်း သုံးစွဲသူခရီးသွားပြည်သူများက ပြောသည်။

သို့သော် ယင်းစနစ်၏အားသာချက်မှာ ငွေအကြွေရှာဖို့မလိုခြင်း၊ ကတ်သုံးစွဲခြင်းကဲ့သို့ ကားတက်ကားဆင်းငွေပေးချေရာတွင် ကတ်ကို တကူတကထိန်းသိမ်းရန်မလိုခြင်း၊ ကတ်ဖြတ်သည့်စက်အဆင်မပြေသည့်အချိန် သတ်မှတ် နှုန်းတားကို ရှာဖွေပေးရန်မလိုအပ်ခြင်း၊ လက်ကျန်ငွေကို မိမိဖုန်း၏ app မှာ ကြည့်ရှုစစ်ဆေးနိုင်ခြင်း စသည့်အချက်များလည်းရှိကြောင်း ထပ်မံသိရှိ ရသည်။

‘ဒီ appက နောက်ပိုင်းမှာ ဘေလ်ဖြည့်တဲ့အခါ ဆိုင်ရှာပြီ ဖြည့်ရတဲ့အခက်အခဲကို ပြေလည်စေပြီး Mobile Banking စနစ်တွေနဲ့ အလွယ်တကူချိတ်ဆက်အသုံးပြုလာနိုင်ရင် ပိုကောင်းတဲ့ အစီအစဉ်ဖြစ်သွားနိုင်ပါတယ်။ ”ဟု မြို့တွင်းခရီးသွားပြည်သူတစ်ဦးကပြောသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com