• Home
  • Car News
  • ရန်ကုန်မှာ မြူများထူထပ်စွာကျဆင်းနိုင်တယ်လို့ မိုး/ဇလထုတ်ပြန် မော်တော်ယာဉ်များ သတိထားသွားလာသင့်ဟုဆို

ရန်ကုန်မှာ မြူများထူထပ်စွာကျဆင်းနိုင်တယ်လို့ မိုး/ဇလထုတ်ပြန် မော်တော်ယာဉ်များ သတိထားသွားလာသင့်ဟုဆို

  • 115 views

ရန်ကုန်မှာ လာမယ့် (၁၀) ရက်အတွင်း မြူများထူထပ်စွာကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အဲခုလို မြူထူထပ်နိုင်တာကြောင့် မော်တော်ယာဉ်တွေနဲ့ ရေယာဉ်တွေသွားလာမှုသတိထားသင့်တယ်လို့ မိုး/ဇလကထုတ်ပြန်ထားပါတယ်။
ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါးမှာ (၁) ရက်ကနေ (၇) ရက်အတွင်း မနက်ပိုင်းမြူထူထပ်စွာကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အခုရာသီဥတုဟာ မြူကျနိုင်တဲ့ရာသီဖြစ်ပေမယ့် အခုတစ်ခါမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျဆင်းမှာဖြစ်ပါတယ်။

 

 

ဒါ့အပြင် မိုးရွာသွန်းနိုင်ခြေရှိပြီး ၊ အအေးချိန်ပိုလာနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅) ရက်မှ (၇) ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် (၁ )ရက်မှ (၄) ရက်ခန့် နံနက်ပိုင်းတွင် မြုထူများဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com