- Home
- Car News
- (၂၀၂၄) ခုနှစ် ဇန်နဝါရီလအတွင်း အမြန်လမ်းမှာယာဉ်တိုက်မှု (၁၈) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅) ဦးထိရှိနေ
(၂၀၂၄) ခုနှစ် ဇန်နဝါရီလအတွင်း အမြန်လမ်းမှာယာဉ်တိုက်မှု (၁၈) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅) ဦးထိရှိနေ
- 338 views
(၂၀၂၄) ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှု (၁၈) မှုထိ ဖြစ်ပွားခဲ့တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် သေဆုံသူ (၁၅) ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၇) ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်ဇန်နဝါရီလအတွင်း အမြန်လမ်းယာဉ်တိုက်မှုတွေနဲ့နှိုင်းယှဉ်ရင် သေဆုံးသူဦးရေ (၇) ဦးထိ များပြားလာတယ်လို့ ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်ဇယားအရ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တို့မှာလည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ အရင်နှစ်ကာလတူထပ် ပိုများလာပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးသူလျော့နည်းအောင် စီမံချက်ရေးဆွဲပြီး အကောင်ထည်ဖော်နေတာဖြစ်ပါတယ်။ယာဉ်တိုက်မှုလျော့နည်းအောင်လည်း လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်တွေ အသစ်ပြန်လည်ရေးဆွဲဖို့ကိုလည်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအနေနဲ့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုဖြစ်စဉ်အများစုဟာ လူ့ပယောဂကြောင့်ဖြစ်တယ်လို့ အမျိုးသားယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက သတိပေးပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com