ကားအကောင်းစားတွေချည်းပဲကြိုက်တဲ့ အေမီဈာန်
- 709 views
အေမီဈာန်ဆိုရင် နဂါးမလေးလို့ social media online network ကို အသုံးပြုကြတဲ့ လူတိုင်းနီးပါး သိကြမှာပါနော်။ သူမက မကြာသေးမီကာလတုန်းကလည်း “First Date” ဆိုတဲ့ ကိုယ်ပိုင်အချစ် သီချင်းလေးတစ်ပုဒ်ကို သီဆိုရိုက်ကူး ထုတ်လွှင့်ထားပါသေးတယ်ရှင့်။
“အခုလက်ရှိ သီချင်းဘက်ကို ပိုအာရုံရှိနေတယ်။ ညီမရဲ့first date ဆိုတဲ့ MTV လေးလည်း ထွက်ထားပါတယ်” လို့ သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုလေးနဲ့ပတ်သက်ပြီး CarsDB ကို အခုလိုပြောပြထားပါတယ်။
ဒါ့အပြင် ဇိမ်ခံကားတွေနဲ့ ပတ်သက်ပြီး အေမီဈာန်က သူမရဲ့အကြိုက်ကိုလည်း အခုလို ပွင့်ပွင့်လင်းလင်းပြောပြထားပါသေးတယ်။
“ညီမက ကားနဲ့ပတ်သက်ရင် အရမ်းအကောင်းကြိုက်ပါတယ်။ ဒါကလည်း မှန်သောစကားပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တာက မာစီဒီး ကြိုက်တယ်၊ BMW ကြိုက်တယ်၊ Land Rover ကြိုက်တယ်။ ဒါပေမဲ့ လက်ရှိညီမစီးနေတာကတော့ Malibu ကားပါ” တဲ့။
ကားဈေးနှုန်းတွေ တက်နေတဲ့အပေါ်မှာတော့ “ကားဈေးတွေတက်နေတာ၊ မတည်ငြိမ်တာကတော့ ကမ္ဘာတစ်ခုလုံးနဲ့ ဆိုင်တာဖြစ်တဲ့အတွက်၊ ဒီနှစ်ကလည်း နဂါးနှစ်ဖြစ်နေတဲ့အတွက်ကြောင့် ပိုအလှုပ်ကြမ်းမှာပေါ့ရှင်။” ဟု(ရယ်လျက်) ထပ်မံပြော ကြားခဲ့ပါတယ် ပရိသတ်ကြီးရေ... ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Photo Credit: A Mi Zan (Fb)