ပြည်တွင်းစက်သုံးဆီဈေး (၂) ရက်အတွင်း တစ်လီတာကို ငွေကျပ်(၉၀) နီးပါးခုန်တက်
- 141 views
ပြီးခဲ့တဲ့ရက်ပိုင်းက ဈေးကျဆင်းခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးတွေ (၂) ရက်အတွင်းမှာပဲ ငွေကျပ် (၁၀၀) နီးပါး ဈေးမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ လက်ရှိမှာ အသုံးများတဲ့ (92) တစ်လီတာကို ငွေကျပ် (၂၇၇၀) ကျပ်အထိ ရည်ညွှန်းသတ်မှတ်ထားပါတယ်။
အခုနှစ်ဆန်းပိုင်းကစပြီး ဆက်တိုက်ဆိုသလို ဈေးမြင့်တက်လာခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ အခုဖေဖော်ဝါရီလ ဒုတိယအပတ်ထဲမှာတော့ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် စတဲ့မြို့ကြီးတွေ အပါအဝင် အခြားပြည်နယ်နဲ့တိုင်းတွေမှာ စက်သုံးဆီဈေးတွေ ကျဆင်းလာပြီး အခုရက်ပိုင်းအတွင်း ဈေးပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ဒုတိယအပတ်မှာတော့ 92 တစ်လီတာကို ငွေကျပ် (၂၆၈၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၀၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၂၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၇၀) ကျပ်အထိ ကျဆင်းခဲ့တာကို အဆိုပါကော်မတီကနေ သိရပါတယ်။
အခုလက်ရှိမှာ 92 တစ်လီတာကို ငွေကျပ် (၂၇၇၀) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၇၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၉၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၆၄၀) ကျပ်အထိ ကျဆင်းခဲ့တာကို အဆိုပါကော်မတီကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com