• Home
  • Car News
  • တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ် အစီးရေ (၉၀) ကျော်နဲ့ EV ဆိုင်ကယ် အစီး (၄၀၀) ပြည်တွင်းသို့ထပ်မံရောက်ရှိ EV မော်တော်ယာဉ် အစီးရေ (၉၀) ကျော်နဲ့ EV ဆိုင်ကယ် အစီး (၄၀၀) ပြည်တွင်းသို့ထပ်မံရောက်ရှိ

တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ် အစီးရေ (၉၀) ကျော်နဲ့ EV ဆိုင်ကယ် အစီး (၄၀၀) ပြည်တွင်းသို့ထပ်မံရောက်ရှိ EV မော်တော်ယာဉ် အစီးရေ (၉၀) ကျော်နဲ့ EV ဆိုင်ကယ် အစီး (၄၀၀) ပြည်တွင်းသို့ထပ်မံရောက်ရှိ

  • 215 views

တရုတ်နိုင်ငံကနေတင်သွင်းနေတဲ့ EV မော်တော်ယာဉ် အစီးရေ (၉၂) စီးဟာ အေးရှားဝေါလ်ဆိပ်ကမ်း ၊ မြန်မာ့စက်မှုဆိပ်ကမ်း နဲ့ EV ဆိုင်ကယ်အစီးရေ (၄၀၀) ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံ(ဝမ်တာပင်း) ပူးပေါင်းစစ်ဆေးရေးဂိတ်ကိုရောက်ရှိလာလို့ လုပ်ထုံးလုပ်နည်းတွေအတိုင်းစိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

အခုတင်သွင်းလာတဲ့ EV မော်တော်ယာဉ်အမျိုးအစားတွေကတော့ GEELY GEOMETRY E၊ 2023 Mdl၊ (၁၃) စီး ၊ VGV YOUNG B-EV ၊ 2023 Mdl (for Taxi) (၂၀)စီး ၊ : FAW TOYOTA BZ4X၊ 2022 Mdl (၅) စီး ၊ FAW TOYOTA BZ4X ၊ 2022 Mdl (၉) စီး ၊ WULING BINGO၊ 2023 Mdl (၁၅) စီး ၊ GAC TOYOTA BZ4X ၊ 2023 Mdl အစီး (၃၀) စုစုပေါင်း (၉၂) စီးတင်သွင်းလာတာဖြစ်ပါတယ်။ ဒါ့အပြင် KENBO၊ 2023 Mdl အမျိုးအစား EV ဆိုင်ကယ် အစီးရေ (၄၀၀) လည်း တင်သွင်းထားတယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

 

လက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အရင်က EV ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားတဲ့ကုမ္ပဏီ (၃၀) ရှိရာကနေ လက်ရှိမှာတော့ ကုမ္ပဏီ (၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားတယ်လို့ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


 Photo Credit:  အကောက်ခွန်