• Home
  • Car News
  • EV ဆိုင်ကယ် နှင့် EV သုံးဘီး အများဆုံးတင်သွင်းနေသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ပိတ်ထားလို့ ရေကြောင်းကနေတင်ပို့နေ

EV ဆိုင်ကယ် နှင့် EV သုံးဘီး အများဆုံးတင်သွင်းနေသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ပိတ်ထားလို့ ရေကြောင်းကနေတင်ပို့နေ

  • 270 views

တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေးဇုန်တစ်ခုဖြစ်တဲ့ မူဆယ် (၁၀၅) မိုင်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တွေကို ပိတ်ထားတာ (၄) လနီးပါး ရှိလာပြီဖြစ်လို့ EV ဆိုင်ကယ်နဲ့ EV သုံးဘီးတွေကို ပင်လယ်ရေကြောင်းကနေ တင်သွင်းနေရတယ်လို့ ကုန်သည်တွေနဲ့ တင်သွင်းနေတဲ့ကုမ္ပဏီတွေက ပြောပါတယ်။

အရင်က နယ်စပ်ဂိတ်တွေမှာ ဆန်၊ဆန်ကွဲ ၊ ရေထွက်ပစ္စည်း၊ ရော်ဘာစတဲ့ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံဘက်ကို တင်ပို့နေပြီး တရုတ်နိုင်ငံဘက်ကလည်း လျှပ်စစ်ပစ္စည်း ၊ ဓာတ်မြေသြဇာ ၊ EV ဆိုင်ကယ်နဲ့ EV သုံးဘီး စတဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို တင်သွင်းနေတာပါ။ ဒါပေမဲ့ အခုတော့ ကုန်သွယ်ရေးရပ်ဆိုင်းနေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။

 

 

တရုပ်-မြန်မာနယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ်များဟာဆိုရင် မူဆယ် ၊ လွယ်ဂျယ် ၊ ချင်းရွှေဟော် ၊ ကန်ပိုက်တီနဲ့ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်ပြီး ကုန်သွယ်မှုအများဆုံးကတော့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ဂိတ်ဖြစ်ပါတယ်။ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ(၁)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ (၂ ဒသမ ၈၃ ) ဘီလီယံ ကုန်သွယ်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုစာရင်းတွေမှာ ဖော်ထားပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com