• Home
  • Car News
  • ပြည်တွင်းစက်သုံးဆီဈေးဆက်တိုက်မြင့်တက်နေပြီး (92) တစ်လီတာကို (၂၆၈၅) ကျပ်အထိကျဆင်းလာ

ပြည်တွင်းစက်သုံးဆီဈေးဆက်တိုက်မြင့်တက်နေပြီး (92) တစ်လီတာကို (၂၆၈၅) ကျပ်အထိကျဆင်းလာ

  • 87 views

အခုနှစ်ဆန်းပိုင်းကစပြီး ဆက်တိုက်ဆိုသလို ဈေးမြင့်တက်လာခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ အခုဖေဖော်ဝါရီလ ပထမအပတ်ဖြစ်တဲ့ ( ၂ ) ရက်နေ့မှာ ပဲ 92 တစ်လီတာကို (၂၇၆၅ ) ကျပ်အထိ ဈေးမြင့် တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။ ဒါပေမယ့် အခုဖေဖော်ဝါရီလ ဒုတိယအပတ်ထဲမှာတော့ ရန်ကုန်၊  မန္တလေး ၊ နေပြည်တော် စတဲ့မြို့ကြီးတွေအပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း စက်သုံးဆီဈေးတွေဈေးကျဆင်းလာကြောင်း သိရပါတယ်။

ဇန်နဝါရီလနောက်ဆုံးအပတ် စက်သုံးဆီဈေးနှုန်းတွေဟာ 92 တစ်လီတာကို ငွေကျပ် (၂၇၀၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၄၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၄၅၀) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၁၅) ကျပ် အထိရှိခဲ့ပါတယ်။

လက်ရှိဖေဖော်ဝါရီလ (၂) ရက်နေ့ထိလည်း စက်သုံးဆီဈေးနှုန်းတွေဟာဆက်လက်မြင့်တက်ခဲ့ပြီး 92 တစ်လီတာကို ငွေကျပ် (၂၇၆၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၉၀) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၅၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၆၀၀) ကျပ်အထိ ရှိခဲ့တာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ဒုတိယအပတ်မှာတော့ 92 တစ်လီတာကို ငွေကျပ် (၂၆၈၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၀၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၂၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၇၀) ကျပ်အထိ ကျဆင်းခဲ့တာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com