• Home
  • Car News
  • တရုတ်နိုင်ငံကတင်သွင်းလာတဲ့ EV ကား (၃၃)စီး ဖေဖော်ဝါရီလအတွင်း ထပ်မံရောက်ရှိ

တရုတ်နိုင်ငံကတင်သွင်းလာတဲ့ EV ကား (၃၃)စီး ဖေဖော်ဝါရီလအတွင်း ထပ်မံရောက်ရှိ

  • 321 views

တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ EV ကား (၃၃)စီး ထပ်မံရောက်ရှိလာလို့ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ EV ကားတွေကိုရေကြောင်းကနေ တင်သွင်းနေတာဖြစ်ပြီး အများကစုကတော့ တရုတ်နိုင်ငံထုတ် EV ကားတွေဖြစ်ပါတယ်။

လက်ရှိရောက်ရှိလာတဲ့ EV အမျိုးအစားတွေကတောာ့ Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: GEELY GEOMETRY E၊ 2023 Mdl (၁၃)စီး ၊ Brand New HATCHBACK (LHD) (Battery Electric Vehicle) Brand Name: VGV YOUNG B-EV 2023 Mdl (for Taxi) အစီး(၂၀) ဖြစ်တယ်လို့လည်း အကောက်ခွန်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

လက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာ EV ယာဉ်အမျိုးမျိုး အစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အရင်က EV ယာဉ်နဲ့ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားတဲ့ကုမ္ပဏီ (၃၀) ရှိရာကနေ လက်ရှိမှာတော့ ကုမ္ပဏီ (၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားတယ်လို့ အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com