စက်သုံးဆီ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေပေးနိုင်မည့် အက်ပ် တစ်ခုရေးဆွဲနေဟုဆို
- 220 views
ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စက်သုံးဆီအရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေပေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲနေကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Software Application သည် ပြည်သူများ ခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များ၌ လိုအပ်သော စက်သုံးဆီ အမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် မိမိရောက်ရှိနေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Monitoring ပြုလုပ်မည့် ဌာနများကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Software Application ကို ယခု ဖေဖော်ဝါရီလမှ စ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com