• Home
  • Car News
  • ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတရားမဝင်ရောင်းချနေသည့် ငွေကျပ်သန်း (၁၇၀) ကျော်တန်ဖိုးရှိ စက်သုံးဆီများဖမ်းဆီးရမိ

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတရားမဝင်ရောင်းချနေသည့် ငွေကျပ်သန်း (၁၇၀) ကျော်တန်ဖိုးရှိ စက်သုံးဆီများဖမ်းဆီးရမိ

  • 218 views

တရားမဝင်ရောင်းချနေတဲ့စက်သုံးဆီအရောင်းဆိုင်တွေကို ဖမ်းဆီးအရေးယူနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိမှု (၁၄) မှု ၊ စက်သုံးဆီ (၇၄ ဒသမ ၂၂၅)တန်၊ ခန့်မှန်းတန်ဖို့ (၁၇၆ ဒသမ ၄၂၉) ကျပ်သန်း သိမ်းဆည်းရမိတယ်လို့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကနေ သိရပါတယ်။ ဒါ့အပြင်(၂၀၂၃)ခုနှစ်အတွင်း တရားမဝင်ရောင်းချနေတဲ့ စက်သုံးဆီ (၂၉၈ ဒသမ ၅၇)တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၇၃၈ ဒသမ ၃၉၂) ကိုလည်းဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

(၂၀၁၇) ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ (၃၀) (မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း (သို့မဟုတ်) ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ)လို့လည်း ပြဋ္ဌာန်းထားပါတယ်။
အဲဒီဥပဒေအရ စက်သုံးဆီတွေကို လိုင်စက်မရှိဘဲ သယ်ယူပို့ဆောင်တာ ၊ သိုလှောင်တာ ၊ ရောင်းချတွေကို စစ်ဆေးတွေ့ရှိရင် အနည်းဆုံးဒဏ်ငွေကျပ် (၃) သိန်းကနေ အများဒဏ်ငွေကျပ်သိန်း (၅၀)အထိ ဒဏ်ငွေဖြစ်စေ၊ တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရမှာဖြစ်ပြီး ဆက်စပ်ပစ္စည်းတွေကိုလည်း ပြည်သူပိုင်သိမ်းဆည်းသွားမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စက်သုံးဆီတွေကို နေအိမ် ၊ ခြံဝန်း ၊ အပြင်တခြားမည်သည့်နေရာမှာမှ ရောင်းချခြင်းမပြုဘဲ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိရင် အရေးယူသွားမယ်လို့ ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ကထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com