• Home
  • Car News
  • စက်သုံးဆီကို ဈေးသက်သက်သာသာနှင့် ဝယ်ယူလို့ရရှိအောင် ဆောင်ရွက်နေဟုဆို

စက်သုံးဆီကို ဈေးသက်သက်သာသာနှင့် ဝယ်ယူလို့ရရှိအောင် ဆောင်ရွက်နေဟုဆို

  • 91 views

စက်သုံးဆီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြည်သူတွေဝယ်ယူလို့ရရှိအောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်ပြီး အသုံးများတဲ့ 92 တစ်လီတာကို (၂၇၆၅)ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။

အစိုးရအနေနဲ့ကတော့ ပြည်သူတွေစက်သုံးဆီအလုံအလောက်ရရှိစေဖို့နဲ့ တရားမဝင်စက်သုံးဆီရောင်းချမှု ပပျောက်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 ဒါ့အပြင် စက်သုံးဆီ တင်သွင်းလိုတဲ့ ကုမ္ပဏီအသစ်တွေကို စနစ်တကျခွင့်ပြုပေးသွားမှာဖြစ်ပြီး အရေးပေါ်ကဏ္ဍတွေအတွက် စက်သုံးဆီတွေကို လွတ်လပ်စွာတင်သွင်းနိုင်ဖို့ စီမံဆောင်ရွက်ပေးထားတယ်လို့လည်း သိရပါတယ်။

တရားမဝင်စက်သုံးဆီရောင်းဝယ်မှု မရှိစေဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အရေးယူမှုတွေ လုပ်ဆောင်နေပြီး (၂၀၂၃)ခုနှစ် ဒီဇင်ဘာလအတွင်း (၆၅) မှု ၊ စက်သုံးဆီ (၂၉၈ ဒသမ ၅၇ )တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၇၃၈ ဒသမ ၃၉၂) ၊ (၂၀၂၄)ခုနှစ် ဇန်နဝါရီလအတွင်း (၁၄) မှု ၊ စက်သုံးဆီ (၇၄ ဒသမ ၂၂၅ )တန်၊ ခန့်မှန်းတန်ဖို့ (၁၇၆ ဒသမ ၄၂၉ )ကျပ်သန်း သိမ်းဆည်းရမိတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com