- Home
- Car News
- လျှပ်စစ်သုံး EV မော်တော်ယာဉ် အစီးရေ (၆၇) စီးထပ်မံရောက်ရှိ ၊ အခုနှစ်ဇန်နဝါရီလအတွင်း EV အစီးရေ (၁၀၀) ကျော် ပြည်တွင်းဈေးကွက်သို့ဝင်ရောက်ခဲ့
လျှပ်စစ်သုံး EV မော်တော်ယာဉ် အစီးရေ (၆၇) စီးထပ်မံရောက်ရှိ ၊ အခုနှစ်ဇန်နဝါရီလအတွင်း EV အစီးရေ (၁၀၀) ကျော် ပြည်တွင်းဈေးကွက်သို့ဝင်ရောက်ခဲ့
- 202 views
အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် (၆၇) စီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းကုန်သွယ်ရေးဆိပ်ကမ်းတွေကို ရောက်ရှိလာတယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အခုထပ်မံရောက်ရှိလာတဲ့ EV ကားတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့နဲ့စီစစ်ပြီး သတ်မှတ်လုပ်ထုံးနည်းတွေအတိုင်း တင်သွင်းလာတဲ့ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံထုတ် DFSK Mini EV (၂၈) စီး ၊ DFSK EC31 (၂) စီး ၊ FAW Toyota BZ4X (၄) စီး ၊ HONGQ၊ EQM5 (၁၃) စီး နဲ့ တရုတ်နိုင်ငံထုတ် AIQAR ၊ EQ7 (၂၀) စီးတို့ဟာ မြန်မာ့စက်မှုဆိပ်ကမ်းကို အသီးသီးရောက်ရှိလာတယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အခုရောက်ရှိလာတဲ့ EV မော်တော်ယာဉ်တွေဟာ အကောက်ခွန်ဦးစီးဌာနရဲ့ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ EV မော်တော်ယာဉ်တွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ ပြည်တွင်းမှာ EV မော်တော်ယာဉ်နဲ့ ကုန်တင် (ဝန်ပေါ့) အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ထားပြီး EV ဆိုင်ကယ်နဲ့ EV သုံးဘီးအစီးရေ (၂၇၀၀) ကျော် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com