ယာဉ်စီးခပေးချေစက် ပိတ်ထားသည့် ယာဉ်မောင်းတွေကို စတင်အရေးယူနေ
- 190 views
ယာဉ်စီးခပေးချေတဲ့ (YBS) စက် ပိတ်ထားတဲ့ ယာဉ်မောင်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရေးယူမှုတွေလည်း စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ Yangon Payment Service –YBS ကနေ သိရပါတယ်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်စီးခအကြွေပြဿနာနဲ့ ယာဉ်နောက်လိုက် ပြဿနာတွေကြောင့် YPS ကတ်စနစ်ကို ဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ကြေညာထားပါတယ်။
ဒါပေမဲ့ YBS ယာဉ်မောင်းအများစုဟာ စက်ကိုပိတ်ထားပြီး ယာဉ်နောက်လိုက်က ငွေကောက်ခံမှုတွေ ရှိနေတယ်လို့ ခရီးသည်တွေက ပြောဆိုနေကြတာပါ။ အဲဒီလို စက်မဖွင့်တဲ့ယာဉ်မောင်းတွေကို ကားနံပါတ်နဲ့ ယာဉ်အမှတ်ကို ပေးပို့တိုင်ကြားနိုင်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ကြေညာထားပါတယ်။
စည်ကမ်းမလိုက်နာတဲ့ YBS ယာဉ်မောင်းတွေကို အသိပညာပေးတာတွေ ထုတ်ပယ်တဲ့အထိအရေးယူတာတွေ ပြုလုပ်နေပြီး ယာဉ်မောင်းအသစ်ခေါ်ယူတာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ကြေညာထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com