• Home
  • Car News
  • ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်(၂၇၀၀)ကျော်အထိမြင့်တက်လာ

ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်(၂၇၀၀)ကျော်အထိမြင့်တက်လာ

  • 228 views

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ အခုနှစ်ဆန်းပိုင်းမှာ တရိတ်ရိတ်မြင့်တက်လာပြီး အခုဇန်နဝါရီလ နောက်ဆုံးအပတ်ထဲမှာပဲ 92 တစ်လီတာကို (၂၅၀၀) ကျော်ကနေ (၂၇၀၀) ကျော်အထိ ဈေးမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် စတဲ့မြို့ကြီးတွေအပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။


ပြည်တွင်းမှာအသုံးပြုနေတဲ့ စက်သုံးဆီအများဆုံးကို စင်ကာပူနိုင်ငံကနေ ဝယ်ယူသုံးစွဲနေရတာပါ။ အဲဒါကြောင့် ပြည်တွင်းစက်သုံးဆီရဲ့ ဈေးအတက်အကျဟာ စင်ပူနိုင်ငံရဲ့ စက်သုံးဆီဈေးပေါ်မှာ မူတည်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေက ငွေကြေးဂယက်နဲ့ နိုင်ငံခြားငွေကြေးအခြေအနေတွေကြောင့် စက်သုံးဆီဖူလုံမှုအပေါ် ကြီးကြီးမားမား ရိုက်ခတ်ခဲ့ပါတယ်။ အဲဒါကြောင့် ပြင်ဆင်ဖွဲ့စည်းမှုတချို့နဲ့ အရေးယူမှုတချို့ ပြုလုပ်ခဲ့လို့ အဆင်ပြေခဲ့ပေမယ့် လက်ရှိအချိန်အထိ စက်သုံးဆီဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။

ဇန်နဝါရီလနောက်ဆုံးအပတ် စက်သုံးဆီဈေးနှုန်းတွေကတော့ 92 တစ်လီတာကို ငွေကျပ် (၂၇၀၅) ကျပ် ၊ 95 92 တစ်လီတာကို ငွေကျပ် (၂၈၄၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၄၅၀) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၁၅) ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com