• Home
  • Car News
  • YBS ယာဉ်ရပ်နားကွင်း (၁၅)ကွင်းကို ယခုနှစ်တွင် အပြီးတည်ဆောက်မည်

YBS ယာဉ်ရပ်နားကွင်း (၁၅)ကွင်းကို ယခုနှစ်တွင် အပြီးတည်ဆောက်မည်

  • 288 views

 

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်တွေ ညအိပ်ရပ်နားဖို့အတွက် YBS ယာဉ်ရပ်နားကွင်း (၁၅)ကွင်းကို အခု(၂၀၂၄)ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။ အဲဒီယာဉ်ရပ်နားကွင်းတွေကို ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ် ကတည်းက စတင်အကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး မြို့နယ်(၈)ခုမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

အဲဒီယာဉ်ရပ်နားကွင်းတွေကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သာကေတ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့၊ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာ အိုးအိမ်ဦးစီးဌာနက ခွင့်ပြုချက်ချပေးထားတဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) သုခဒဂုံအိမ်ရာဝန်းထဲမှာ (၅)ဧကကို YBS ယာဉ်ရပ်နားကွင်းကို အပြီးသတ်တည်ဆောက်နေတယ်လို့လည်း (YRTC) ကနေ သိရပါတယ်။

YBS ယာဉ်တွေ ညအိပ်ရပ်နားတဲ့အခါ မြို့နယ်အလိုက်ပြေးဆွဲနေတဲ့ဂိတ်စ ၊ ဂိတ်ဆုံးတွေရဲ့လမ်းမပေါ်မှာ ညအိပ်ရပ်နားရတဲ့အခါ ကားလမ်းပိတ်တာတွေ ၊ ကားပစ္စည်း ဖြုတ်ခိုးခံရတာတွေ ရှိတဲ့အတွက် YBS ရပ်နားကွင်းတွေ တည်ဆောက်ရတာဖြစ်တယ်လို့လည်း (YRTC) ကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com