- Home
- Car News
- မှတ်ပုံတင်ဖျက်သိမ်းပြီးသည့် ရှေးဟောင်းဂန္ထဝင် (Classic) မော်တော်ယာဉ်တွေကို မှတ်ပုံတင်ခွင့်ပြန်ပေးမည်။
မှတ်ပုံတင်ဖျက်သိမ်းပြီးသည့် ရှေးဟောင်းဂန္ထဝင် (Classic) မော်တော်ယာဉ်တွေကို မှတ်ပုံတင်ခွင့်ပြန်ပေးမည်။
- 138 views
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ အရင်က မှတ်ပုံတင်ထားပြီး ဆက်လက်သက်တမ်းမတိုးလို့ ဖျက်သိမ်းလိုက်တဲ့ ရှေးဟောင်းဂန္ထဝင် (Classic) မော်တော်ယာဉ်တွေကို သတ်မှတ်ဒဏ်ကြေးသတ်မှတ်ပြီး ပြန်မှတ်ပုံတင်ခွင့်ပေးမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းဌာနတွေက တစ်ဆင့် ကြေညာလိုက်ပါတယ်။ ၁၉၈၀ မော်ဒယ်နဲ့ ၁၉၈၀ မော်ဒယ်မတိုင်မီ မော်တော်ယာဉ်တွေကို (Classic) မော်တော်ယာဉ်တွေကိုအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရှေးဟောင်း Classic မော်တော်ယာဉ်တွေကို တန်ဖိုးထားထိန်းသိမ်းနိုင်ဖို့ ၊ သမိုင်းဝင် မော်တော်ယာဉ်တွေအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ ဆောင်ရွက်တာဖြစ်ပြီး ပြန်လည်မှတ်ပုံတင်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးတွေမှာ အခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး ဇူလိုင်လ(၃၁)ရက်နေ့အထိ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး အသေးစိတ် အချက်အလက်တွေကို ဝန်ကြီးဌာနရုံး ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း နိုင်ငံပိုင်သတင်းဌာနတွေမှာ ကြေညာထားပါတယ်။
မှတ်ပုံတင်ဆောင်ရွက်တဲ့နေရာမှာ မူလမှတ်ပုံတင်ထားရှိတဲ့ယာဉ်တွေကိုသာ ရောက်ရှိယာဉ်နံပါတ်အသစ်အဖြစ် သတ်မှတ်ပေးမှာဖြစ်ပြီး အရင်က မှတ်ပုံမတင်ထားတဲ့ မော်တော်ယာဉ်တွေ မပါဝင်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Classic မော်တော်ယာဉ်တွေဟာ ရှေးဟောင်းဇိမ်ခံကားအုပ်စုကို ခေါ်တာဖြစ်ပြီး အရင်ကမှတ်ပုံတင်ထားတဲ့ ဇိမ်ခံကားတွေဖြစ်ပါတယ်။ အခုထုတ်ပြန်ချက်အရ အရင်က မှတ်ပုံမတင်ထားတဲ့ Classic ကားတွေနဲ့ လမ်းမပေါ်မှာမောင်းနှင်ဖို့မသင့်တဲ့ မော်တော်ယဉ်တွေမပါဝင်ဘူးလို့လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
(Photo - Myanmar Photo Classic Cars Club)