- Home
- Car News
- တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ်အစီးရေ (၉၀) ကျော်နဲ့ EV မော်တော်ယာဉ် အစီးရေ (၅၀)ကျော် ပြည်တွင်းသို့ ထပ်မံရောက်ရှိ
တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ်အစီးရေ (၉၀) ကျော်နဲ့ EV မော်တော်ယာဉ် အစီးရေ (၅၀)ကျော် ပြည်တွင်းသို့ ထပ်မံရောက်ရှိ
- 194 views
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် အစီးရေ(၉၆)စီးနဲ့ လျှပ်စစ်သုံး မော်တော်ယာဉ်အစီးရေ (၅၂) စီး ရန်ကုန်ဆိပ်ကမ်းတွေကို ရောက်ရှိလာတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အခုထုတ်ယူခွင့်ပြုထားတဲ့ EV ယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံထုတ် WUYANG HONDA မော်ဒယ်နံပါတ် WH1200DT-11(U-GO) (၉၆)စီးဟာ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် EV မော်တော်ယာဉ် FAW BESTUNE NAT E05 2023 Mdl အစီး(၃၀)ဟာ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (MITT) ၊ DAYUN YUEHU S1 (VIP VERSION) 2023 Mdl အစီး(၂၀) နဲ့ NETA U 2023 Mdl (၂) စီးဟာ ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port-KM) ကို အသီးသီးရောက်ရှိလာတာဖြစ်ပါတယ်။
အခုတင်သွင်းလာတဲ့ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးဟာလဲ အကောက်ခွန်ကင်းလွတ်ခွင့် ရထားပါတယ်။ လက်ရှိပြည်တွင်း EV ဈေးကွက်ထဲမှာတော့ EV ဆိုက်ကယ်နဲ့ သုံးဘီးယာဉ် အစီးရေ (၂၇၀၀) ကျော် မှတ်ပုံတင်ထားပြီး EV လူစီးမော်တော်ယာဉ်နဲ့ ကုန်တင် (ဝန်ပေါ့) အစီးရေ (၁၈၀၀) ကျော် မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com