• Home
  • Car News
  • စင်္ကာပူတွင် ကျင်းပခဲ့သော ၂၀၂၄ ကားပြပွဲနှင့် ပြသခဲ့သော ကားများ

စင်္ကာပူတွင် ကျင်းပခဲ့သော ၂၀၂၄ ကားပြပွဲနှင့် ပြသခဲ့သော ကားများ

  • 153 views

တည်နေရာ - Suntec Singapore Convention & Exhibition စင်တာ ၃ ထပ်နှင့် ၄ ထပ်မြောက်

ရက်စွဲ- ဇန်နဝါရီ ၁၂ မှ ၁၄ အထိ 

ဝင်ကြေး- ၈ ဒေါ်လာ (ကလေးများအခမဲ့)


၂၀၂၄ ခုနှစ် ၊ စင်္ကာပူကားပြပွဲကို စင်္ကာပူရှိ Suntec Singapore Convention & Exhibition စင်တာတွင် ကျင်းပခဲ့ရာ စင်္ကာပူနိုင်ငံသားများနှင့် ဒေသတွင်းနိုင်ငံများမှ လာရောက်လည်ပတ်သူတို့အနေဖြင့် ကမ္ဘာ့အထင်ကရ ကားအမှတ်တံဆိပ် ၂၅ ခု၏ နောက်ဆုံးပေါ်ကားများကို ကြည့်ရှုခွင့်ရခဲ့ကြသည်။

ယခုနှစ်ပြပွဲတွင် ကားမော်ဒယ်သစ် ၂၅ မျိုးကို ပြသခဲ့ရာ ၁၈ မျိုးမှာ လျှပ်စစ်ကားများ ဖြစ်ကြသည်။

စင်္ကာပူမော်တော်ကား ကုန်သည်များအသင်း ဥက္ကဌဖြစ်သူ Glenn Tan က စင်္ကာပူတွင် ၂၀၂၄ ခုနှစ်အတွင်း ကားရောင်းအားကောင်းမည်ဟု မျှော်မှန်းထားသည်။

စင်္ကာပူအစိုးရက စင်္ကာပူနိုင်ငံသားများအား ကားပိုင်ဆိုင်ခွင့် လက်မှတ် (COE) ကို ပိုမိုသက်သာသည့် ဈေးနှုန်းဖြင့် ချထားပေးလာသောကြောင့် Glenn Tan က ယခုကဲ့သို့ မျှော်မှန်းလာခြင်းလည်း ဖြစ်သည်။

စင်္ကာပူသည် သေးငယ်သောနိုင်ငံဖြစ်သောကြောင့် ကားရှုပ်ထွေးမှု ထိန်းချုပ်နိုင်ရန်အတွက် ကားပိုင်ဆိုင်စီးနင်းလိုသူများအနေဖြင့် COE လက်မှတ် လျှောက်ထားရသည်။

ထိုလက်မှတ် ခွင့်ပြုသက်တမ်းမှာ ၁၀ နှစ်ဖြစ်ပြီး  ၁၀ နှစ်ပြည့်ပါက ပိုမိုမြင့်မားသော ငွေပေးဆောင်ကာ သက်တမ်းတိုးနိုင်သည်။

သို့မဟုတ် ကားပိုင်ရှင်တို့အနေဖြင့် မှတ်ပုံတင်စာရင်း ဖျက်သိမ်းကာ ကားကို စွန့်ပစ်ဖျက်ဆီးရန် လျှောက်ထား နိုင်သည်။

အောက်တွင် စင်္ကာပူကားပြပွဲ၌ ပြသခဲ့သော EV များနှင့် နမူနာကားများအနက် အချို့ကို ဖော်ပြထားပါသည်။

 

 

((Mercedes-Benz Concept EQG ))

 

Concept EQG ကို အရှေ့တောင်အာရှတွင် ပထမဆုံးပြသလာခြင်းဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဈေးကွက်သို့ မိတ်ဆက်လာဖွယ် ရှိသည်။

 


((Suzuki Jimny 5-Door))

 

Suzuki က Jimny ၏ 5-Door ဗားရှင်းကို ချပြလာသည်။
ဈေးကွက်သို့ တင်ပို့မည့်ကာလကိုမူ မထုတ်ပြန်သေးချေ။

 

(Suzuki Jimny 5-Door။ ဓာတ်ပုံ-AZMI ATHNI)

 


((Kia EV9))

 

စင်္ကာပူပြပွဲတွင် Six-Seater လျှပ်စစ် (SUV) ဖြစ်သော Kia EV 9 ကို တရားဝင် ပွဲထုတ်လာသည်။

99.8 kWh ဘက်ထရီ တပ်ဆင်ထားပြီး အားတစ်ခါသွင်းရုံဖြင့် ၅၁၂ ကီလိုမီတာ မောင်းနှင်နိုင်သည်။

 

 

(Kia EV 9။ ဓာတ်ပုံ-AZMI ATHNI)

 

 


((Hyundai Ioniq 5 N))

 

Hyundai Ioniq 5 N သည် စထရိတ်တိုင်းမ် သတင်းစာ၏ Car of the Year အဖြစ် ရွေးချယ်ခံထားရပြီး မြင်းကောင်ရေ ၆၅၀ အားရှိသည့် လျှပ်စစ်ကားဖြစ်ကာ ၂၀၂၄ ဒုတိယနှစ်ဝက်တွင် ဈေးကွက်သို့ ရောက်ရှိ လာဖွယ် ရှိသည်။

 

 

(Hyundai Ioniq 5 N။ ဓာတ်ပုံ-LEE NIAN TJOE)

 


((MG Cyberster))

 

Carwow Most Anticipated car of the Year ဆုရရှိထားသော လျှပ်စစ်ပြိုင်ကား ဖြစ်သည်။

0-60mph ကို ၃ စက္ကန့်အောက်ဖြင့် ရရှိနိုင်သည်။

Dual-Motor  ဗားရှင်း ဖြစ်ပြီး မြင်းကောင်ရေ ၅၃၀ ဝန်းကျင်အားရှိသည်။

 

 

(MG Cyberster။ ဓာတ်ပုံ-AZMI ATHNI)

 

((Toyota Prius))

 

ဤကားကို ပြပွဲတွင် ပြသခဲ့သော်လည်း ရောင်းရန်မဟုတ်ချေ။


ကားသတင်းရေးသားသူ Shreejit Changaroth က ဤHybridကားကို ကားပြပွဲတွင် သူ၏ အကြိုက်ဆုံးအဖြစ်
ရွေးချယ်ခဲ့သည်။

 

(Toyota Prius။ ဓာတ်ပုံ- LEE NIAN TJOE)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  2024 Singapore Motor Show: What's hot and coming to PH  (straitstimes)