• Home
  • Car News
  • YBS ယာဉ်လိုင်း (၇) လိုင်းတွင် Mobile ဖုန်း Application ကနေတစ်ဆင့် QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်

YBS ယာဉ်လိုင်း (၇) လိုင်းတွင် Mobile ဖုန်း Application ကနေတစ်ဆင့် QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်

  • 279 views

ရန်ကုန်မြို့တွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း (၁၃) ၊ (၅၅) ၊ (၅၇) ၊ (၅၈) ၊ (၂၄) ၊ (၂၈) ၊ (၁၃၃) ယာဉ်လိုင်းတွေမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ မိမိတို့ရဲ့ Mobile ဖုန်း Application ကနေတစ်ဆင့် QR Code ဖြင့် ယာဉ်စီးခပေးချေတဲ့စနစ်ကို ဇန်နဝါရီလ(၈)ရက်နေ့ကနေ စတင်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။

အဲဒီ QR Code ကိုအသုံးပြုမယ့် ခရီးသည်တွေအနေနဲ့ YPS ကဒ်ကို သီးသန့်ဝယ်ယူစရာမလိုဘဲ Mobile ဖုန်း Application တစ်ခုတည်းဖြင့်သာ ယာဉ်စီးခပေးချေနိုင်မှာဖြစ်ပါတယ်။ အဲဒီ Application ရဲ့နာမည်ကို MPYBS+ လို့ပေးထားပြီး Version 6 အနည်းဆုံးရှိတဲ့ Android ဖုန်းတွေမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ငွေဖြည့်တဲ့လုပ်ငန်းစဉ်ကိုလည်း ရန်ကုန်မြို့မှာရှိတဲ့ YPS KIOKS အရောင်းဆိုင်တွေ ၊ G&G အရောင်းဆိုင်တွေနဲ့ ရုပ်ရှင်ရုံတွေမှာ ငွေဖြည့်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။

QR Code ယာဉ်စီးခပေးချေပုံကို တက္ကသိုလ်ကျောင်းတွေနဲ့ ဝန်ထမ်းတွေအများဆုံးရှိတဲ့ နေရာတွေမှာ အခမဲ့ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ QR Code နဲ့ စနစ်ငွေပေးချေတဲ့နေရာမှာ လက်မခံတဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်တဲ့အထိ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com