• Home
  • Car News
  • နှစ်ဘီး၊ သုံးဘီးနှင့် EV မော်တော်ကားအမျိုးမျိုး အစီးရေ (၄၆၀၀) ကျော် ပြည်တွင်းမှာ မှတ်ပုံတင်ခွင့်ပြုထား

နှစ်ဘီး၊ သုံးဘီးနှင့် EV မော်တော်ကားအမျိုးမျိုး အစီးရေ (၄၆၀၀) ကျော် ပြည်တွင်းမှာ မှတ်ပုံတင်ခွင့်ပြုထား

  • 219 views

 

ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ EV နှစ်ဘီးနဲ့သုံးဘီးယာဉ်တွေအပါအဝင် EV မော်တော်ကားအမျိုးမျိုး အစီးရေ (၄၆၀၈) စီး မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်အထိ EV လူစီးမော်တော်ယာဉ် (၁၈၇၇) စီးနဲ့ ကုန်တင်ယာဉ်(ဝန်ပေါ့) (၁၁) စီးကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့တယ်လို့ လစဉ်ထုတ်ပြန်ပေးနေတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် EV ဆိုင်ကယ် (၂၅၀၀) စီးနဲ့ EV သုံးဘီးယာဉ် (၂၂၀) စီးကို မှတ်ပုံတင်ခွင့် ပြုထားတယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်လုံး EV ဆိုက်ကယ်နဲ့ သုံးဘီးယာဉ် စုစုပေါင်း(၂၇၂၀) စီး မှတ်ပုံတင်ခွင့် ပြုပေးခဲ့ပြီး EV မော်တော်ယာဉ် အစီးရေ(၁၈၈၈)စီး မှတ်ပုံတင်ခွင့်ပြုပေးထားပါတယ်။

 

နှစ်အလိုက် မော်တော်ယာဉ်တင်သွင်းသည့် ခုနှစ်သတ်မှတ်ချက်အရ (၂၀၂၄) မော်ဒယ်ကား တင်သွင်းခွင့်အတွက် EV ကားတွေနဲ့ SKD ကားတွေကိုသာ ပြည်တွင်းမှာ တင်သွင်းပြုထားပါတယ်။ လက်တလော ကားဈေးကွက်အခြေ အနေတွေအရ လောင်စာဆီသုံး အိမ်စီးကားဈေးနှုန်းတွေ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတည်ငြိမ်နေတယ်လို့ ကားဝယ်ရောင်းဈေးကွက်ထဲကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com