- Home
- Car News
- ဘေးစတေကာအဝါရောင်လိုင်းမကပ်တဲ့ City Taxi ယာဉ်တွေကို ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစတင်ပြီး အရေးယူမည်
ဘေးစတေကာအဝါရောင်လိုင်းမကပ်တဲ့ City Taxi ယာဉ်တွေကို ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစတင်ပြီး အရေးယူမည်
- 209 views
ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေအားလုံးကို ဘေးစတေကာအဝါရောင်လိုင်းကပ်ဖို့ညွှန်ကြားထားပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီလကုန်အထိပညာပေးကာလသတ်မှတ်ထားတာပါ။ ဘေးစတောကာတပ်ဆင်ခြင်းမရှိတဲ့ City Taxi ယာဉ်တွေကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေစပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
အခုလက်ရှိမှာ ရန်ကုန်မြို့မှာရန်ကုန်လိုင်စင်နဲ့ပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေရှိသလို ပဲခူး၊ဧရာဝတီ ၊ မွန် ၊ ကရင် စတဲ့ နယ်လိုင်စင်နဲ့ပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေလည်းရှိနေတဲ့အတွက် နယ်လိုင်စင် City Taxi ယာဉ်တွေလည်းဘေးစတေကာအဝါရောင်တပ်ဆင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကထပ်မံအသိပေးချက်ထုတ်ပြန်ထားပါသေးတယ်။
City Taxi ယာဉ်တွေဟာ ဘေးစတေကာအပြင်ဆိုင်းဘုတ်အချက်ပြမီးတပ်ဆင်တာ၊ Taxi ဆိုင်းဘုတ်အရွယ်အစားတပြေးညီတပ်ဆင်တာစတဲ့ညွှန်ကြားချက်တွေထုတ်ပြန်ထားပြီး မလိုက်နာရင်ဒဏ်ကြေးအပြင်လိုင်စင်ပိတ်တဲ့အထိအရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
YRTC အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာရင်းများအရဘေးအဝါရောင်လိုင်းစတေကာတပ်ဆင်ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီးရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကြောင်းသိရပါတယ်။
လက်ရှိ စီးတီးတက္ကစီးယာဉ်အဖြစ် မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိရာမှာ YRTC ထံမှတ်ပုံတင်ထားတဲ့ စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိတယ်လို့လည်းသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com