• Home
  • Car News
  • CNG ယာဉ်များရှိ သက်တမ်းပြည့် ဂတ်(စ်)အိုးများကို အသစ်ပြန်လည် လဲလှယ်ပေးနေ

CNG ယာဉ်များရှိ သက်တမ်းပြည့် ဂတ်(စ်)အိုးများကို အသစ်ပြန်လည် လဲလှယ်ပေးနေ

  • 286 views

CNG မော်တော်ယာဉ်တွေမှာတပ်ဆင်အသုံးပြုနေတဲ့ ဂတ်(စ်) (CNG Cylinder) အိုးတွေဟာ သက်တမ်းပြည့်လာတဲ့ အတွက်အသစ်ပြန်လည် လဲလှယ်ပေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ၊ မြန်မာ့ရေနံ့နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။ ယာဉ်မောင်းတွေနဲ့ပြည်သူတွေ ဘေးအန္တရာယ်ကင်းဖို့ (CNG Cylinder) အိုးတွေကို သတ်မှတ်ကာလအတိုင်း စနစ်တကျစစ်ဆေးဖို့နဲ့ အသစ်ပြန်လဲဖို့ကို ဌာနကဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ပါက ပြည်ပမှတင်သွင်းနေရတဲ့ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေတဲ့အပြင် ခရီးသွားပြည်သူများအတွက်လည်း ယာဉ်စီးနင်းခဈေးနှုန်းများ သက်သာစေမှာဖြစ်တယ်လို့ ဌာနမှ ဆိုထားပါတယ်။

စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင် ၄၁ ဆိုင်မှ ယာဉ်အစီးရေ ၂၆၉၇၃ စီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင် ၂ ဆိုင်မှ ယာဉ်အစီးရေ ၇၄၂ စီး၊ မကွေးတိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၃ ဆိုင်မှ ယာဉ်အစီးရေ ၅၈၆ စီး၊ စုစုပေါင်း CNG အရောင်းဆိုင် ၄၆ ဆိုင်တို့မှ ယာဉ်အစီးရေ ၂၈၃၀၁ စီး တို့ကို နေ့စဉ် ကုန်းတွင်းနှင့်ကမ်းလွန်မှ ထုတ်လုပ်ရရှိတဲ့ ဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ခန့်ကို ထိန်းညှိဖြန့်ဖြူးပေးနေကြောင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com