• Home
  • Car News
  • ကမ္ဘာ့လစာအများဆုံး ထိပ်တန်းဘောလုံးကြယ်ပွင့်များတွင် ပါဝင်သူ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၏ Ferrari 488 Pista ပြိုင်ကား

ကမ္ဘာ့လစာအများဆုံး ထိပ်တန်းဘောလုံးကြယ်ပွင့်များတွင် ပါဝင်သူ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၏ Ferrari 488 Pista ပြိုင်ကား

  • 280 views

 

(အမ်ဘတ်ပီ ဘယ်သူလဲ)

ကျီလျန်း အမ်ဘတ်ပီ (မွေး-၁၉၉၈) သည် ပြင်သစ်ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်ပြီး PSG အသင်း တိုက်စစ်မှူး ၊ ပြင်သစ် လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်ကာ ၂၀၂၃ ခုနှစ် ကမ္ဘာ့လစာအများဆုံး ဘောလုံးသမား ၁၀ ဦးစာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်သည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ကျီလျန်း အမ်ဘတ်ပီသည် ၂၀၂၂/၂၃ ဘောလုံးရာသီအတွက် လစာခန့်မှန်းချေ ကန်ဒေါ်လာ ၁၂၈ သန်းရရှိခဲ့ကာ ကမ္ဘာပေါ်တွင် လစာအများဆုံး ဘောလုံးသမားဖြစ်ခဲ့သည်။
ထိုစဉ်က မက်ဆီ(လစာ ဒေါ်လာ သန်း၁၂၀ ရရှိ) နှင့် စီရော်နယ်ဒို (လစာ ဒေါ်လာ သန်း ၁၀၀ ရရှိ) တို့ထက် လစာပိုမိုများပြားခဲ့သည်။

အမ်ဘတ်ပီသည် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၂၁၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့ရာ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

 

(အမ်ဘတ်ပီ၏ Ferrari 488 Pista ပြိုင်ကား))

သင်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများတွင် ပါဝင်သူတစ်ဦးဆိုပါက သင်၏ များပြားလှသော လစာငွေဖြင့် စံအိမ်ကြီးတစ်လုံး (သို့မဟုတ်) Ferrari တစ်စင်း အစရှိသောဖြင့် သင်မဝယ်နိုင်မည့်အရာ များများစားစားမရှိချေ။

ကျီလျန်း အမ်ဘတ်ပီအတွက်လည်း ထို့အတူပင်။

PSG တိုက်စစ်မှူး အမ်ဘတ်ပီသည် ရီးရဲမက်ဒရစ်အသင်း၏ ပစ်မှတ်ထားခံခဲ့ရသည်ဟူသော သတင်းများ ရှိသည်။

ရီးရဲအနေဖြင့် အမ်ဘတ်ပီ လိုလားသောငွေ ပေးနိုင်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။

အသက် ၂၅ နှစ်အရွယ် အမ်ဘတ်ပီ နေထိုင်ရန် အံ့မခန်းစံအိမ်ကြီးများ ဒီဇိုင်းရေးဆွဲပေးသူများပင် ရှိသည်။

 

[ကျီလန်း အမ်ဘတ်ပီ (ဝဲပုံ-Instagram) (ယာပုံ-Wiki Commons)]

 


ပြီးခဲ့သော နွေရာသီက ဆော်ဒီအာရေးဗီးယား ကလပ်အသင်းတစ်ခုဖြစ်သော Al-Hilal က အမ်ဘတ်ပီအား ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ သုံးစွဲကာ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။

အမ်ဘတ်ပီတွင် ခမ်းနားသော စံအိမ်များအပြင် အံ့မခန်း မော်တော်ကားများလည်း ပိုင်ဆိုင်ထားရာ Mercedes, Range Rover,BMW,Volkswagens နှင့် Audi တို့ အပါအဝင် ဖြစ်သည်။

သို့သော် အမ်ဘတ်ပီ ပိုင်ဆိုင်ထားသော ကားများအနက် အထူးခြားဆုံးမှာ ကမ္ဘာ့အကောင်းဆုံးကားများတွင် ပါဝင်သော Ferrari 488 Pista ပြိုင်ကား ဖြစ်သည်။

Pista မှာ အီတလီဘာသာစကားအရ ခြေရာခံခြင်းဟု အဓိပ္ပာယ်ရသည်။

 


တပ်ဆင်ထားသော အင်ဂျင်မှာ Ferrari ၏ သမိုင်းတွင် စွမ်းအားအကောင်းဆုံးဖြစ်သော V8 ဖြစ်သည်။

ထို့ကြောင့် အမ်ဘတ်ပီက ဤကားကို ဝယ်ယူစုဆောင်းလိုခဲ့ခြင်းလည်း ဖြစ်သည်။

အမ်ဘတ်ပီ ပိုင်ဆိုင်ထားသော ကားများအနက် Ferrari 488 Pista မှာ ဈေးအကြီးဆုံးလည်း ဖြစ်သည်။

0-100 kmph ကို ၂ ဒသမ ၈ စက္ကန့်အတွင်း ရရှိနိုင်ရာ ကားအတွက် ပေးရသော တန်ဖိုး ၁ ဒေါ်လာချင်းစီ အတွက် ပေးရသည်မှာ ထိုက်တန်ပါသည်။

အမ်ဘတ်ပီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၈၀ ခန့်ရှိရာ Ferrari 488 Pista ဝယ်ယူရန် အခက်အခဲမရှိချေ။

အမ်ဘတ်ပီက သူ၏ကားများကို လူမှုကွန်ရက်တွင် တင်လေ့မရှိ။
အကယ်၍ တင်ခဲ့လျှင်လည်း ကျွန်ုပ်တို့အနေဖြင့် ၎င်းအား အပြစ်ဆိုဖွယ်မရှိချေ။

 

(ဆက်စပ်သတင်း)

ကမ္ဘာ့လစာအများဆုံး ဘောလုံးကြယ်ပွင့်၊ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၏ ချစ်သူမိန်းကလေးများနှင့် သူ၏စံအိမ်

 

https://www.imyanmarhouse.com/news/read/1046649

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Kylian Mbappe owns one of the world’s most sublime cars (supercarblondie)