• Home
  • Car News
  • YBS ယာဉ်တွေပေါ်မှာ ကတ်ဖြင့်ငွေပေးချေသည့်စက်အား ပိတ်ထားသည့်ယာဉ်မောင်းတွေကို ထုတ်ပယ်သည် အထိအရေးယူမည် ‌

YBS ယာဉ်တွေပေါ်မှာ ကတ်ဖြင့်ငွေပေးချေသည့်စက်အား ပိတ်ထားသည့်ယာဉ်မောင်းတွေကို ထုတ်ပယ်သည် အထိအရေးယူမည် ‌

  • 217 views


ရန်ကုန်တိုင်းအတွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တချို့မှာ ကတ်စနစ်နဲ့ ငွေပေးချေတဲ့စက်တွေကို ပိတ်ထားတဲ့ ယာဉ်မောင်းတွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ကနေ သိရပါတယ်။ အဲဒီလို ငွေပေးချေစက်ပိတ်ထားတဲ့ ယာဉ်မောင်းတွေကို ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူမှုတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။


တချို့YBS ယာဉ်မောင်းတွေဟာ ကတ်နဲ့ငွေပေးချေတဲ့စက်တွေကို အိတ်နဲ့စွပ်ထားတဲ့ ယာဉ်မောင်းတွေ ရှိနေတဲ့အတွက် ခရီးသည်တွေအနေနဲ့ အဲဒီလိုလုပ်ဆောင်တဲ့ ယာဉ်မောင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေ ကဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ တိုင်ကြားနိုင်တယ်လို့လည်း ဦးလျန်ကျင့်မန်က ဆိုပါတယ်။


ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ YPS ကတ်ကိုအသုံးပြုပြီး ယာဉ်စီးခပေးချေနိုင်တဲ့ ယာဉ်လိုင်းပေါင်း (၉၅) လိုင်း ယာဉ်အစီးရေ (၃၈၀၀) ‌လောက်ရှိပါတယ်။ အခုလက်ရှိမှာ ရန်ကုန်မှာ YBS ယာဉ်လိုင်းပေါင်း (၁၃၂) လိုင်းပြေးဆွဲနေပြီး လိုက်ပါစီးနင်းတဲ့ခရီးသည် (၁) သန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com