နယ်လိုင်စင်ဖြင့်မောင်းနှင်နေသည့် စီးတီးတက္ကစီများပါ အဝါရောင်ဘေးစတေကာတပ်ဆင်ရမည်
- 348 views
နယ်လိုင်စင်နဲ့မောင်းနှင်နေတဲ့ စီးတီးတက္ကစီယာဉ်တွေလည်း အဝါရောင်ဘေးစတေကာတပ်ဆင်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။ အရင်က ရန်ကုန်လိုင်စင် စီးတီးတက္ကစီတွေသာ အဝါရောင်စတေကာ တပ်ဆင်ရမှာဖြစ်ပေမယ့်လည်း အခုနယ်လိုင်စင်တွေလည်း ပါဝင်လာတာဖြစ်ပါတယ်။
စီးတီးတက္ကစီတွေကို တပြေးညီဖြစ်အောင် တပ်ဆင်ခိုင်းတာဖြစ်ပြီး အရင်ရန်ကုန်မှာ ရန်ကုန်လိုင်စင်နဲ့ မောင်းနှင်နေတဲ့ စီးတီးတက္ကစီတွေသာရှိပေမယ့် အခုအခါမှာတော့ နယ်လိုင်စင်နဲ့ မောင်းနှင်နေတဲ့ စီးတီးတက္ကစီယာဉ်တွေလည်းများလာတာကြောင့် အခုလို အဝါရောင်စတေကာ တပ်ဆင်ခိုင်းရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောထားပါတယ်။
ရန်ကုန်မှာပြေးဆွဲနေတဲ့ စီးတီးတက္ကစီယာဉ်တွေကို အဝါရောင်ဘေးစတေကာ တပ်ဆင်တာအပြင်၊ အချက်ပြမီး၊ Taxi ဆိုင်းဘုတ် စတဲ့စည်းကမ်းချက်တွေကို နိုဝင်ဘာလ(၁)ရက် နေ့ ကထုတ်ပြန်ထားပြီး ပညာပေးကာလအဖြစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ အဲဒီစည်းကမ်းချက်တွေကို မလိုက်နာရင် ဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ စီးတီးတက္ကစီမှတ်ပုံတင်ထားတဲ့ တက္ကစီအစီးရေ (၆၀၀၀၀) ဝန်းကျင်ရှိပြီး အစီးရေ (၄၀၀၀၀) ကျော်ဟာ အဝါရောင်စတေကာတပ်ဆင်ပြီးဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com