တရုတ်နိုင်ငံထုတ် EV ကား (၈၅ )စီး ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းသို့ရောက်ရှိ
- 171 views
တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ်အစီးရေ (၈၅) စီးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းကိုရောက်ရှိလာတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး ကားတင်သွင်းလာတဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ တရုတ်နိုင်ငံထုတ် NETA U 2023 Mdl ၊ HONDA ENS1 2023 Mdl စတဲ့ အမှတ်တံဆိပ် EV ကားတွေ ပြည်တွင်းကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အခုရောက်ရှိလာတဲ့ EV ကား (၈၅) စီးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ (၂၁) ရက်နေ့က သက်ဆိုင်ရာအဖွဲ့စုံက စစ်ဆေးပြီး ထုတ်ယူခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ EV လျှပ်စစ်သုံးမော်တော်ယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အကောက်ခွန်ဦးစီးဌာရဲ့ထုတ်ပြန်ချက်တွေအရ ပြည်တွင်းမှာ EV ကားအစီးရေ (၁၅၀၀) ကျော် မှတ်ပုံတင်ထားပြီးပြီလည်း ဖြစ်ပါတယ်။ ဒီပမာဏဟာ ဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှု မရှိတဲ့အတွက် EV ကားဈေးတွေ ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ EV ကားဈေးကွက်ထဲကနေ သိရပါတယ်။
EV ကားတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကတော့ အခုထက်ပိုပြီး တင်သွင်းခွင့်ပြုဖို့ မျှော်လင့်နေကြပါတယ်။ အခု (၂၀၂၃) ခုနှစ်ကနေ နှစ်ကုန်အထိ EV မော်တော်ယာဉ် ဖွံ့ဖြိုးတိုးတက်ရေး pilot project လျာထားချက်အရ တစ်နှစ်ကို EV မော်တော်ယာဉ် (၃၀၀၀၀) ဝန်းကျင် တင်သွင်းမယ်လို့ လျာထားပေမယ့် လက်ရှိမှာတော့ တင်သွင်းမှု ကန့်သတ်ချက်တွေကြောင့် (၁၅၅၅) စီးသာ တင်သွင်းနိုင်ပါသေးတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com