• Home
  • Car News
  • အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ယိုဟန် ပုဏ္ဏဝါလ Bentley Flying Spur W12 Speed ကားကို ရူပီး ၇ ကုဋေဖြင့် ဝယ်ယူ

အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ယိုဟန် ပုဏ္ဏဝါလ Bentley Flying Spur W12 Speed ကားကို ရူပီး ၇ ကုဋေဖြင့် ဝယ်ယူ

  • 244 views

ယိုဟန် ပုဏ္ဏဝါလ (Yohan Poonawalla) သည် စီးပွားရေးလောကတွင် အလွန်ထင်ရှားသူတစ်ဦး ဖြစ်သည်။

သူသည် Intervalve Poonawalla Ltd., El-O-Matic India Pvt Ltd နှင့် Poonawalla Financials Pvt Ltd တို့၏ ဥက္ကဌဖြစ်ပြီး အဆိုပါ ကုမ္ပဏီများသည် Poonawalla Engineering Group ၏ လက်အောက်တွင် ရှိသည်။

ဘီလျံနာသူဌေးကြီး ပုဏ္ဏဝါလက ယခုအခါ ရူပီး ၇ ကုဋေတန်ကြေးရှိသော Luxury Car ဖြစ်သော Bentley Flying Spur W12 Speed အသစ်တစ်စင်း ဝယ်ယူလိုက်သည်။

ပုဏ္ဏဝါလက ထိုကားကို အထူးအော်ဒါဖြင့် မှာယူခဲ့ခြင်း ဟုတ်မဟုတ် မသိရ။

၎င်းရွေးချယ်ထားသောအရောင်မှာ အနီရောင် ဖြစ်သည်။

သတင်းများအရ ယိုဟန် ပုဏ္ဏဝါလသည် အိန္ဒိယရှိ အထင်ကရ ကားစုဆောင်းသူများတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး ၎င်းဝယ်ယူစုဆောင်းထားသော ကားများ၏ စုစုပေါင်းတန်ကြေးမှာ ရူပီး ကုဋေ ၁၀၀ ကျော် တန်ကြေးရှိ သည်။

ပုဏ္ဏဝါလသည်  1927 Rolls-Royce 20HP Tourer, 49 Silver Wraith Drophead, 1962 Rolls-Royce Phantom V, 1949 Bentley Mark VI 4-light Touring Saloon,  1964 Lincoln Continental 4-door Convertible Popemobile’, 1949 Rolls-Royce Silver Wraith DH Foursome Coupe, Rolls Royce Silver Cloud 2 နှင့် Mercedes Benz 190 SL Roadster တို့ကဲ့သို့ တန်ဖိုးကြီး luxury နှင့် vintage ကားများအပါအဝင် အခြား မော်တော်ကားများစွာ ပိုင်ဆိုင်ထားသည်။

၎င်းဝယ်ယူထားသော ကားများအနက် modern luxury ကားများကို ကြည့်မည်ဆိုလျှင် Ferrari 458 Speciale Aperta, Ferrari Portofino, Mercedes-Benz SLS AMG, Rolls Royce Phantom Drop Head Coupe, Rolls Royce Phantom VII Mansory, Lamborghini Gallardo SE, Ferrari F12 Berlinetta, Ferrari 488 Pista Spider တို့အပါအဝင် အခြားကားပေါင်းများစွာ ပိုင်ဆိုင်ထားသည်။

မကြာသေးမီက ကာတာတွင် ကျင်းပခဲ့သော Geneva International Motor Show ကားပြပွဲတွင် ပုဏ္ဏဝါလမှာ ‘Collector of the Year’ ဆု ချီးမြှင့်ခံခဲ့ရသည်။

ကားပြပွဲတွင် ပုဏ္ဏဝါလက ၎င်းစုဆောင်းထားသော ကားများအနက်မှ သမိုင်းဝင်ကား ၇ စင်းကို ပြသခဲ့ရာ ထိုပြပွဲ၏ ‘Star Car of the Show’ ဖြစ်သော Rolls-Royce Phantom V7-Passenger Limousine တစ်စင်းလည်း အပါအဝင် ဖြစ်သည်။

ပုဏ္ဏဝါလ ဝယ်ယူလိုက်သော Bentley Flying Spur W12 Speed တွင် 6.0-litre W12 turbocharged အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 626 bhp ရှိပြီး ရုန်းအားမှာ 900 Nm ရှိသည်။

အင်ဂျင်မှာ ZF 8-speed dual-clutch automatic transmission ဖြင့်လာပြီး Bentley ၏ ပြောကြားချက်အရ 0-100 kmph ကို ၃ ဒသမ ၈ စက္ကန့်အတွင်း ရရှိနိုင်သည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Indian Businessmen Yohan Poonawalla buys Bentley Flying Spur W12 Speed worth Rs 7 crore  (timesofindia)