• Home
  • Car News
  • တရားမဝင်မော်တော်ယာဉ်များအပါအဝင် ကုန်ပစ္စည်းငွေကျပ် (၁၃) သန်းခန့် ဖမ်းမိဟုထုတ်ပြန်

တရားမဝင်မော်တော်ယာဉ်များအပါအဝင် ကုန်ပစ္စည်းငွေကျပ် (၁၃) သန်းခန့် ဖမ်းမိဟုထုတ်ပြန်

  • 179 views

အခုနှစ်ဒီဇင်ဘာလ (၂၂) ရက်၊ (၂၃)၊ (၂၅)ရက်နေ့ တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးမှုနဲ့ မော်တော်ယာဉ်တွေအပါအဝင် လုပ်ငန်းသုံးပစ္စည်းနဲ့ သစ်မျိုး ကာလတန်ဖိုး ငွေကျပ် (၁၃)သန်း ဝန်းကျင်ဖမ်းမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။ (၃) ရက်အတွင်း ဖမ်းဆီးရမိမှု (၇) မှုကနေ ခန့်မှန်းတန်ဖိုး (၁၃) သန်းဝန်းကျင် ဖမ်းမိတယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း မော်လမြိုင်မြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးပေါ်မှာလည်းကောင်း၊ ဒီဇင်ဘာလ(၂၃) ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၊ ထီလုံကျေးရွာအနီး မြဝတီမြို့ကနေ ဘားအံမြို့ကိုမောင်းနှင်လာတဲ့မော်တော်ယာဉ်တစ်စီးပေါ် မှာလည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နဲ့ပြည်ခရိုင်အတွင်းမှာလည်းကောင်း တရားမဝင်မော်တော်ယာဉ်တွေ ၊ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com