အဝါရောင်ဘေးစတေကာကပ်ထားတဲ့ City Taxi အစီးရေ (၅၀၀၀၀) နီးပါးရှိပြီ ဟုဆို
- 1389 views
ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေကို ဘေးစတေကာအဝါရောင်ကပ်ဖို့ ညွှန်ကြားချက်ထုတ်ထားပြီး လက်ရှိအချိန်အထိ City Taxi အစီးရေ (၅၀၀၀၀)နီးပါး အဝါရောင် ဘေးစတေကာ တပ်ဆက်ထားပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။ ရန်ကုန်မှာ City Taxi အဖြစ်မှတ်ပုံတင်ထားတဲ့ Taxi အစီးရေ (၆၀၀၀၀)ကျော်ရှိရာ ထိုအထဲက အစီးရေ(၅၀၀၀၀)မှာ အဝါရောင်ဘေးစတေကာကပ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။
အဝါရောင်စတေကာတပ်ဆင်ပြီးစီးတဲ့အရေအတွက်ဟာ ရာခိုင်နှုန်း(၈၀)ကျော် တပ်ဆင်ပြီးစီပြီဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီအဝါရောင်းစတောကာတပ်ဆင်ခြင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့်(၂၀၂၃)ဇန်နဝါရီ(၃၁)ရက်နေ့ ပညာပေးကာလသတ်မှတ်ထားတာဖြစ်ပါတယ်။
ရန်ကုန်မှာပြေးဆွဲနေတဲ့ အငှားယာဉ်တွေဟာ အသစ်ညွှန်ကြားထားတဲ့ City Taxi ဆိုင်းဘုတ် ၊ ယာဉ်အမိုးပေါ်တွေမှာ အချက်ပြမီးပါရှိတဲ့ Taxi ဆိုင်းဘုတ် ၊ တပြေးညီ Taxi ဆိုင်းဘုတ်အရွယ်အစား ၊ အဝါရောင်ဘေးစတေကာစတဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ထားရမှာဖြစ်ပြီး မလုပ်ဆောင်ထားတဲ့ City Taxi ယာဉ်တွေကို ပြေးဆွဲခွင့်ပိတ်တဲ့အရေးယူမှုတွေ လုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com