- Home
- Car News
- ခရိုအေးရှားထုတ် ပေါင် ၂ ဒသမ ၁သန်းတန်ပြိုင်ကား 171mph အမြန်နှုန်း နောက်ပြန်မောင်းပြကာ ဂင်းနက်စ် စံချိန်တင်
ခရိုအေးရှားထုတ် ပေါင် ၂ ဒသမ ၁သန်းတန်ပြိုင်ကား 171mph အမြန်နှုန်း နောက်ပြန်မောင်းပြကာ ဂင်းနက်စ် စံချိန်တင်
- 135 views
ကျွန်ုပ်တို့ အများစုသည် ကားလိုင်စင် သိမ်းဆည်းခံရခြင်း မလိုလားပါက တစ်နာရီလျှင် မိုင် ၁၇၀ နှင့်အထက် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ကားမောင်းဖူးကြမည် မဟုတ်ချေ။
ခရိုအေးရှား ပြိုင်ကားကုမ္ပဏီ Rimac က စံချိန်တင်အမြန်နှုန်းဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန်သစ်တစ်ခု မှတ်တမ်း တင်ခဲ့သည်။
သို့သော် ထူးခြားချက်တစ်ခု ရှိနေသည်။
ခရိုအေးရှားထုတ် ပေါင် ၂ ဒသမ ၁ သန်းတန်ကြေးရှိ Nevera လျှပ်စစ်ပြိုင်ကားသည် တစ်နာရီလျှင် ၁၇၁ ဒသမ ၃၄ မိုင် (၂၇၅ ဒသမ ၇၄ kmph) နှုန်း နောက်ပြန်မောင်းပြကာ ကမ္ဘာ့စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
ယခင်ကမ္ဘာ့စံချိန်မှာ ၆၉ mph ဖြစ်ပြီး ၂၂ နှစ်ကြာ မည်သူမျှ ဖြတ်ကျော်ခြင်းမရှိဘဲ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
(Rimac ထုတ် လျှပ်စစ်ကားက နောက်ပြန်မောင်းကာ ဂင်းနက်စ် စံချိန်တင်ခဲ့သည်။)
Rimac က ပြောသည်မှာ ကမ္ဘာ့ပထမဆုံးပြိုင်ကားဟု အများက သတ်မှတ်ကြသော Lamborghini ၏ V12 အင်ဂျင်တပ် Miura ပြိုင်ကားထွက်ပေါ်အပြီး ၅၆ နှစ်အကြာတွင် ယခုစံချိန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
Miura သည် ကမ္ဘာပေါ်တွင် ၁၇၀ mph မောင်းနှင်နိုင်သည့် ပထမဆုံးကားဖြစ်သည်။
သို့သော် ထိုမောင်းနှင်မှုမှာ ရှေ့သို့မောင်းခြင်း ဖြစ်သည်။
ယခင်စံချိန်မှာ ၂၀၀၁ ခုနှစ်အတွင်း Caterham 7 Fireblade ကားတစ်စီးက စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ITV ၏ Pulling Power ရုပ်သံအစီအစဉ်တွင် ပြသခဲ့ဖူးသည်။
အလွန်တန်ဖိုးကြီးလှသော အဆိုပါ EV ပြိုင်ကားတွင် လျှပ်စစ်မော်တာ ၄ လုံးနှင့် 120kwh ဘက်ထရီတစ်လုံး တပ်ဆင်ထားသည်။
မော်တာတစ်လုံးလျှင် ဘီးတစ်ဘီး မောင်းနှင်ခြင်း ဖြစ်သည်။
စုစုပေါင်း ဆွဲအား ၁၉၁၄ bhp ရှိကာ ရုန်းအားမှာ ၁၇၄၀ lb-ft ရှိသည်။
ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း Papenburg မြို့ရှိ ကားစမ်းသပ်ကွင်းတွင် ယခုစံချိန်ကို တင်ခဲ့ခြင်းဖြစ်သည်။
(ခရိုအေးရှားထုတ် ပေါင် ၂ ဒသမ ၁ သန်းတန်ကြေးရှိ Nevera လျှပ်စစ်ပြိုင်ကားသည် တစ်နာရီလျှင် ၁၇၁ ဒသမ ၃၄ မိုင် (၂၇၅ ဒသမ ၇၄ kph) နှုန်း နောက်ပြန်မောင်းပြကာ ကမ္ဘာ့စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။)
(လျှပ်စစ်မော်တာ ၄ လုံးနှင့် 120kwh ဘက်ထရီတစ်လုံးတပ်ဆင်ထားသည်။ စုစုပေါင်း ဆွဲအား ၁၉၁၄ bhp ရှိကာ ရုန်းအားမှာ ၁၇၄၀ lb-ft ရှိသည်။)
(စမ်းသပ်မောင်းနှင်ခဲ့သည့် ယာဉ်မောင်းဖြစ်သူ Goran Drndak က ပြောသည်မှာ ယခုကားကို မောင်းနှင်ရခြင်း မှာ တမူထူးခြားသည့် စိတ်ခံစားမှု ရရှိကြောင်း ပြောသည်။)
(ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း Papenburg မြို့ရှိ ကားစမ်းသပ်ကွင်းတွင် ယခုစံချိန်ကို တင်ခဲ့ခြင်း ဖြစ်သည်။)
(Rimac က ပြောသည်မှာ ကမ္ဘာ့ပထမဆုံးပြိုင်ကားဟု အများက သတ်မှတ်ကြသော Lamborghini ၏ V12 အင်ဂျင်တပ် Miura ပြိုင်ကားထွက်ပေါ်အပြီး ၅၆ နှစ်အကြာတွင် ယခုစံချိန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။)
(Rimac အသင်းအား ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း ပေးအပ်ခဲ့ပုံ။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rimac Nevera Sets Guinness World Speed Record Going in Reverse, This Is How Fast It Was (autoevolution)